• Follow Us on
Latest News

Home အင်ဒို-ပစိဖိတ်ဒေသမှာ ပူးတွဲကမ်းရိုးတန်းကမ်းလှည့်ဖို့ လေးပွင့်ဆိုင်အဖွဲ့ သဘောတူ

အင်ဒို-ပစိဖိတ်ဒေသမှာ ပူးတွဲကမ်းရိုးတန်းကမ်းလှည့်ဖို့ လေးပွင့်ဆိုင်အဖွဲ့ သဘောတူ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

 

လေးပွင့်ဆိုင်နိုင်ငံများအဖွဲ့ (the Quad) လို့ သိထားကြတဲ့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ သြစတေးလျနိုင်ငံတို့ ဟာ ၂၀၂၅ ခုနှစ် မတိုင်ခင် အင်ဒို-ပစိဖိတ်ဒေသမှာ ပူးတွဲကမ်းရိုးတန်းလုံခြုံရေးကင်းလှည့်ဖို့အတွက် သဘော တူညီလိုက်ပါတယ်။

 

နိုင်ငံတကာဥပဒေ အထူးသဖြင့် ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဆိုင်ရာဥပဒေကို အခြေခံပြီး အင်ဒို-ပစိဖိတ် ဒေသ လွတ်လပ်ပွင့်လင်းမှုကို မြှင့်တင်ဖို့အတွက် လေးပွင့်ဆိုင်နိုင်ငံများအဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်တည် ထောင်ခဲ့တာဖြစ်ပါတယ်။

 

ပင်လယ်ပြင်ဥပဒေမဲ့ ငါးဖမ်းလုပ်ငန်းဆောင်ရွက်မှုတွေကို စောင့်ကြည့်မယ့် ပူးတွဲကင်းလှည့်လုပ်ငန်းစီမံချက် ဟာ နိုင်ငံချင်း အပြန်အလှန်ဆက်သွယ်ရေးနဲ့ ပင်လယ်ပြင် ဘေးကင်းလုံခြုံရေးအတွက် ပထမဦးဆုံး “လေးပွင့် ဆိုင်အဖွဲ့ရဲ့ပင်လယ်ပြင်စောင့်ကြည့်လေ့လာမှု စစ်ဆင်ရေး” အစီအစဉ်ဖြစ်ပါတယ်။

 

ဒီအစီအစဉ်ဟာ အရှေ့တောင်အာရှနဲ့ အိန္ဒိယသမုဒ္ဒရာတစ်ဝိုက် အထူးသီးသန့်စီးပွားရေးဇုံ စောင့်ကြည့်မှုကို တိုးမြှင့်ဆောင်ရွက်မယ့် ၂၀၂၂ ခုနှစ် ပင်လယ်ပြင်နယ်နိမိတ်သတင်းမှန်သိရှိရေး အင်ဒို-ပစိဖိတ် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးစီမံချက်လို လေးပွင့်ဆိုင်နိုင်ငံများအဖွဲ့ဲရဲ့ စီမံချက်တွေထဲမှာ ထပ်မံတိုးလာတဲ့အစီအစဉ်ဖြစ်ပါတယ်။

 

စစ်ဆင်ရေးဆောင်ရွက်မယ့်နေရာတွေကို အသေးစိတ်ဖော်ပြခြင်းမရှိပေမဲ့ လက်ရှိအချိန်မှာ တရုတ်နိုင်ငံနဲ့ လေး ပွင့်ဆိုင်နိုင်ငံတို့ နယ်နိမိတ်အငြင်းပွားမှုတွေဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်တို့က နေ စစ်ဆင်ရေးစတင်နိုင်တယ်လို့ ကျွမ်းကျင်သူတချို့ရဲ့ ခန့်မှန်းချက်ကို Japan Times မှာ ဖော်ပြထားပါတယ်။

 

နိုင်ငံအသီးသီးရဲ့ သီးသန့်စီးပွားရေးဇုံတွေ အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင်းက နယ်မြေတွေမှာ နိုင်ငံ ခြား ငါးဖမ်းသင်္ဘောတွေ ရောက်ရှိလာမှုက အဆိုပါသက်ဆိုင်ရာနိုင်ငံတွေရဲ့ အချုပ်အခြာနဲ့ပတ်သက်ပြီး မေး ခွန်းထုတ်စရာတွေ ထွက်ပေါ်လာခဲ့ကြောင်း ရက်ဆူမိုက်ကန်တက္ကသိုလ်က ပါမောက္ခမီဝါဟီရိုနိုက ပြောပါတယ်။

 

အငြင်းပွားနယ်မြေထဲမှာ တရုတ်အရပ်ဘက် ငါးဖမ်းသင်္ဘောတွေအုပ်စုလိုက် ဝင်ရောက်ခိုင်းထားပေမဲ့ လက်နက် ကိုင်ပဋိပက္ခအထိ ဖြစ်မလာတဲ့ နည်းဗျူဟာတွေကိုလည်း ဟီရိုနိုက ထောက်ပြပါတယ်။

 

“ဥပေဒမဲ့ငါးဖမ်းလုပ်ငန်းထဲမှာ တခြားနိုင်ငံတွေလည်း ပါဝင်ပတ်သက်နေပေမဲ့ လေးပွင့်ဆိုင်အဖွဲ့ရဲ့ ပင်လယ်ပြင် စစ်ဆင်ရေးဟာ တရုတ်နိုင်ငံကို အဓိကအာရုံစိုက်ဆောင်ရွက်သွားမှာဖြစ်ပြီး တောင်တရုတ်ပင်လယ်သာမက တ ခြားသမုဒ္ဒရာတွေအားလုံးဟာလည်း တရုတ်နိုင်ငံရဲ့ ကစားကွင်းဖြစ်နေပြီး တရုတ်ငါးဖမ်းစက်လှေတွေဟာ ဒဏ် ခတ်မခံရဘဲ ကြိုက်သလို ငါးဖမ်းနိုင်တယ်ဆိုတာကို” MIT စင်တာ နိုင်ငံတကာလေ့လာရေးဌာနက ထိပ်တန်း သုတေသီ သိပ္ပံပညာရှင် အဲရစ်ဟီဂင်ဘိုသမ်က ထောက်ပြပါတယ်။

 

ဒီစစ်ဆင်ရေးတွေကို ဘယ်နေရာမှာဆောင်ရွက်တယ်ဆိုတာထက် ဒီစစ်ဆင်ရေးဟာ ပူးပေါင်းဆောင်ရွက်မှု ပိုမို မြင့်တက်လာတာကို ထပ်ဟပ်ပေါ်လွင်စေကြောင်း သြစတေးလျမဟာဗျူဟာ မူဝါဒအင်စတီကျုက ပထဝီနိုင်ငံ ရေးကျွမ်းကျင်သူ ရာဂျီပယ်လိုင်ရာဂျာဂိုပါလန်က ပြောပါတယ်။

 

တရုတ်အစိုးရကတော့ လေးပွင့်ဆိုင်အဖွဲ့ဆိုတာ တရုတ်နိုင်ငံကို ဟန့်တားပိတ်ဆို့ပြီး ဗိုလ်ကျစိုးမိုးရေးဝါဒကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ထားပါတယ်။

 

“အမေရိကန်ကတော့ ဒီအစည်းအဝေးဟာ တရုတ်နိုင်ငံကို ပစ်မှတ်ထားတာ မဟုတ်ပါဘူးလို့ တောက်လျှောက် ပြောနေတာပါပဲ။ ဒါပေမဲ့ တကယ်ကတော့ တရုတ်နိုင်ငံဟာ အဲဒီအစည်းအဝေးရဲ့ ပထမဦးဆုံး ခေါင်းစဉ်ဖြစ်ပါ တယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ဂျီယန်က ပြောပါတယ်။

 

Ref: ‘Quad’ Nations to Launch Joint Coast Guard Operations across Indo-Pacific

 

#PeopleMedia


Share this post