• Follow Us on

Home အင်အားကြီးနိုင်ငံတစ်ချို့သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့်စကားလုံးများကိုရောင်းကုန်ပစ္စည်း ကဲ့သို့ သဘောထားကာ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ၎င်းတို့၏ ဩဇာလောင်းရိပ်အောက်သွတ်သွင်း ရန်ကြိုးစားနေကြောင်း နစကဥက္ကဋ္ဌပြောကြား

အင်အားကြီးနိုင်ငံတစ်ချို့သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့်စကားလုံးများကိုရောင်းကုန်ပစ္စည်း ကဲ့သို့ သဘောထားကာ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ၎င်းတို့၏ ဩဇာလောင်းရိပ်အောက်သွတ်သွင်း ရန်ကြိုးစားနေကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

 

အင်အားကြီးနိုင်ငံတစ်ချို့သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်း ကဲ့သို့ သဘောထားပြီး လိုသလိုပုံဖော် ဖိအားပေးအကြပ်ကိုင်မှုများနှင့် နည်းလမ်းပေါင်းစုံ၊ အကြံအစည် ပေါင်းစုံအသုံးပြုပြီး ၎င်းတို့၏ ဩဇာလောင်းရိပ်အောက်သွတ်သွင်းရန် ကြိုးစားနေကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေအနုပညာ ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို ဆန်းစစ်လိုက်ပါ က နယ်ချဲ့တို့၏ဆိုးညစ်ယုတ်မာသည့် အကြံအစည်များ၊ ခြေလှမ်းများကို သတိထား သိမြင် နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့အင်အား မတောင့်တင်းပါက၊ တစ်နည်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီည ွတ်မှု မခိုင်မာပါက အချုပ်အခြာအာဏာဆိုသည်မှာ အချိန်တိုတိုအတွင်း၌ပင် လက်လွတ်ဆုံးရှုံးရနိုင်သည်ဆိုသော ကြီးမားသည့် သင်ခန်းစာများကို မိမိတို့အားလုံး ရရှိခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

 

မိမိတို့၏ဘိုးဘွားမိဘများသည်ကိုလိုနီနယ်ချဲ့တို့၏ ဆိုးညစ်ယုတ်မာမှုများ၊ သွေးခွဲသပ်လျှိုအုပ်ချုပ်မှုများကြား က တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး ပြန်လည်လွတ်မြောက်အောင် အသက်သွေးချွေးများပေးဆပ် ရယူပေးခဲ့ သည်မှာ (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုလိုနီ ဘဝနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်မှု၏ အကျိုးဆက်သည် တိုင်းရင်းသားများကြားတွင် ယနေ့အချိန်ထိ ကျန်ရှိနေဆဲဖြစ်သည်ကို မိမိတို့အားလုံး သတိပြုရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ပြိုကွဲပျက်စီးမှု မဖြစ်စေရေး ဝိုင်းဝန်း ကာကွယ်ဆောင်ရွက်ပေးကြရန်နှင့် ခေတ်သစ်ကိုလိုနီဝါဒ၏ လုပ်နည်းလုပ်ဟန်များကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး အသိတရား၊ သတိတရား လက်ကိုင်ထားပေးကြရန်အတွက် မျိုးဆက်သစ်လူငယ် များကို အသိပညာပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြော သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထူးသဖြင့် အင်အားကြီးနိုင်ငံတစ်ချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ၎င်းတို့၏ ဩဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များနှင့် ထိုးဖောက်ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်း တိုက်ကာ မီးမွှေးဆောင်ရွက်နေမှုများ၊ မတည်မငြိမ် ကမောက်ကမ ဖြစ်အောင် လုပ်ကြံဖန်တီးမှုမျိုးစုံနှင့် သွေး ထိုးမြှောက်ပင့်ပေးနေကြကြောင်း၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်း ကဲ့သို့ သဘောထားပြီး လိုသလိုပုံဖော် ဖိအားပေးအကြပ်ကိုင်မှုများနှင့် နည်းလမ်းပေါင်းစုံ၊ အကြံအစည် ပေါင်းစုံ အသုံးပြုပြီး ၎င်းတို့၏ ဩဇာလောင်းရိပ်အောက်သွတ်သွင်းရန် ကြိုးစားနေကြကြောင်း၊ ယခုကဲ့သို့အခြေအနေ တွင် မိမိတို့ကဲ့သို့ နိုင်ငံငယ်များအနေဖြင့် မိမိတို့၏ နိုင်ငံတော်ကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာကွယ် နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲ သွားနိုင်သကဲ့သို့ ၎င်းတို့အလိုကျ လိုသလိုပုံသွင်းလွှမ်းမိုးချုပ်ကိုင်မှုများ ကြုံတွေ့ ရနိုင်ကြောင်း၊ ၎င်းတို့ လက်အောက်ခံ၊ ဩဇာခံဖြစ်သွားနိုင်သည်ကိုလည်း အလေးအနက်သတိပြုကြရန် သတိ ပေးမှာကြားလိုကြောင်း ပြောသည်။

 

ထို့ပြင် ယနေ့အချိန်တွင် အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံနှင့် ပြည်သူလူထုအကျိုးကို လျစ်လျူရှုပြီး သံသယများ၊ ကိုယ်ကျိုးအတ္တများ၊ လွဲမှားသည့် အယူအဆများ လုပ်ဆောင်နေကြမယ်ဆိုပါက နိုင်ငံအတွက် လွန်စွာအန္တရာယ် ကြီးမား ပါကြောင်း၊ မိမိတို့အားလုံးက မှန်ကန်သည့်အသိ၊ မှန်ကန်သည့် သတိတရားများနှင့် နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို သယ်ပိုးပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post