• Follow Us on
Latest News

Home အင်အားအလုံးအရင်းအသုံးပြုတိုက်ခိုက်လို့ အကျအဆုံးများပြားပေမဲ့ အဲဒီနည်းဗျူဟာအတိုင်း ရုရှားတပ်တွေ ဆက်လက်တိုက်ခိုက်နေ

အင်အားအလုံးအရင်းအသုံးပြုတိုက်ခိုက်လို့ အကျအဆုံးများပြားပေမဲ့ အဲဒီနည်းဗျူဟာအတိုင်း ရုရှားတပ်တွေ ဆက်လက်တိုက်ခိုက်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅

 

ခြေလျင်တပ်တွေကို အင်အားအလုံးအရင်းအသုံးပြုတဲ့နည်းဗျူဟာက အကျအဆုံးများပြားလွန်းပေမဲ့လည်း ရုရှားစစ်တပ်ဟာ လူအင်အားအလုံးအရင်းအသုံးပြုပြီး ထိုးစစ်တွေကို ဆက်လက်ဆင်နွှဲနေတယ်လို့ The Defense Post မှာရေးသားထားပါတယ်။

 

ရုရှားတပ်တွေဟာ ရန်သူ့နယ်မြေတစ်ခုကို တိုက်ခိုက်တဲ့အခါ ဘာအကာအကွယ်မှမပါဘဲ ခြေလျင်တပ်တွေကို အင်အားအလုံးအရင်းအသုံးပြုပြီး စုပြုံချီတက်တိုက်ခိုက်ခိုင်းတယ်လို့ ဆိုပါတယ်။

 

ယူကရိန်းနိုင်ငံ အက်ဗ်ဒီကာမြို့မှာလည်း ယူကရိန်းတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ အဲဒီနည်းဗျူဟာကိုပဲ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ ယူကရိန်းအသေခံဒရုန်းတွေက အင်အားအလုံးအရင်းနဲ့ချီတက်လာတဲ့ ရုရှားတပ်တွေကို ရှင်းရှင်းလင်း လင်းမြင်နေရတာမို့ အဲဒီနည်းဗျူဟာကြောင့် ရုရှားတပ်ဖွဲ့ဝင် ၇၀ ဝန်းကျင်အထိ အသေခံဒရုန်းလက်ချက်နဲ့ ကျ ဆုံးကုန်တယ်လို့ ဆိုပါတယ်။

 

ရုရှားစစ်သည်တွေ ကွင်းပြင်ထဲမှာ စုပြုံချီတက်နေတုန်း ယူကရိန်းဘက်က တိုက်ခိုက်ခဲ့တဲ့ အက်ဗ်ဒီကာမြို့က တိုက်ပွဲဖြစ်ပွားပုံ ဗီဒီယိုဖိုင်ကို CNN သတင်းဌာနက ပြန်လည်မျှဝေခဲ့ပါတယ်။

 

“ရုရှားတွေက စစ်သည်အင်အား အများအပြားအသုံးပြုပြီး တိုက်ခိုက်ပါတယ်။ မရပ်မနားကို တိုက်ခိုက်နေတာပါ။ ကျွန်တော်တို့တပ်တွေက ဒရုန်းတွေအသုံးပြုပြီး တစ်ရက်တည်းမှာပဲ ရုရှားတပ်ဖွဲ့ဝင် ၄၀ ကနေ ၇၀ အထိ ကျဆုံး အောင်တိုက်ခိုက်ခဲ့လည်း နောက်နေ့ကျရင် ရုရှားတွေက အဲဒီကျဆုံးအင်အားတွေကို အင်အားထပ်ဖြည့်ပြီး ဒီ နည်းအတိုင်းပဲ ဆက်လက်တိုက်ခိုက်ပါတယ်။” လို့ အမည်မဖော်လိုတဲ့ ယူကရိန်းအမြောက်တပ်မှူးတစ်ဦးက ပြောပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားနိုင်ငံက ယူကရိန်းကိုစတင်တိုက်ခိုက်ကတည်းက ရုရှားတပ်တွေဟာ ယူကရိန်း စစ်စခန်းတွေကို အင်အားအလုံးအရင်းအသုံးပြုပြီး ရှေ့တည့်တည့်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

 

ရုရှားရှေ့တန်းကို အင်အားဖြည့်တင်းဖို့ ပို့လိုက်တဲ့ ရုရှားအရန်တပ်ဖွဲ့ဝင်တွေ၊ အကျဉ်းသားဟောင်းတွေနဲ့ လေ့ကျင့်သားမပြည့်ဝတဲ့အရပ်သားတွေကိုအသုံးပြုပြီး အဲဒီလူလှိုင်းစစ်ဆင်ရေးတွေကို ဆောင်ရွက်လေ့ရှိတယ် လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် နာတာလီယာဟျူမန်းယက်ခ်က ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ ရုရှားမရိန်းတပ်ဖွဲ့ဝင်တွေနဲ့ ရုရှားလေကြောင်းချီစစ်သည်တွေလို သီးသန့်တပ်ဖွဲ့ဝင်တွေက တော့ အဲဒီလို လူလှိုင်းစစ်ဆင်ရေးဟာ အန္တရာယ်များလွန်းတဲ့အတွက် ပါဝင်တိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

 

လူလှိုင်းစစ်ဆင်ရေးဟာ အန္တရာယ်များလွန်းပေမဲ့လည်း ရုရှားတပ်တွေမှာ လူ/လက်နက် အင်အား ပိုမိုသာလွန် တာကြောင့် ရုရှားတပ်တွေဟာ အဲဒီလိုအင်အားသုံးဝင်ရောက်တိုက်ခိုက်တဲ့စစ်ဆင်ရေးတွေကို ဆကလက် ဆောင်ရွက်နိုင်စွမ်းရှိတယ်လို့ ယူကရိန်းအစိုးရက ဝန်ခံခဲ့ပါတယ်။

 

Ref: Russia’s Large-Scale Infantry ‘Meat Assaults’ Killing Its Own Troops

 

#PeopleMedia


Share this post