• Follow Us on

Home အင်းစိန်ထောင်လမ်း တစ်ဖက်ခြမ်းတွင် ပေါက်ကွဲမှုဖြစ်ပွါးပြီး အမျိုးသမီး (၂) ဦး ဒဏ်ရာရ

အင်းစိန်ထောင်လမ်း တစ်ဖက်ခြမ်းတွင် ပေါက်ကွဲမှုဖြစ်ပွါးပြီး အမျိုးသမီး (၂) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ ကံ့ကော်မိတ္တူဆိုင်ရှေ့တွင် ရပ်နားထားသည့် ကားအောက်မှ လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွါးခဲ့သဖြင့် အမျိုးသမီး (၂) ဦး ဒဏ်ရာရရှိခဲ့ သည်။

 

ဒီဇင်ဘာလ (၂၇) ရက် နေ့လယ် (၁) နာရီခန့်က ကံ့ကော်မိတ္တူဆိုင်ရှေ့တွင် Toyota Crown မော်တော်ကား ပိုင်ရှင် ဦးစစ်နိုင်အောင်သည် ၎င်းပိုင်ယာဉ်ကို ကံ့ကော်မိတ္တူဆိုင်ရှေ့တွင် ရပ်ထားပြီး စကားပြောနေစဉ် ယာဉ်၏ နောက် အောက်ဖက်မှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ပေါက်ကွဲမှုကြောင့် Toyota Crown ၏ နောက်ဘန်ဘာ ပြုတ်ထွက်ခဲ့ပြီး လမ်းလျှောက်လာသူ မပြည့်ပြည့် ဖြိုးတွင် ဝဲပေါင်နှင့် ဝဲခြေဖဝါးအစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)၊ မဝါဝါနွယ်တွင် ဝဲလက်၊ ဝဲခြေထောက်တို့တွင် ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)များ ရခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post