• Follow Us on
Latest News

Home အင်းစိန်နည်းပညာတက္ကသိုလ်ဝင်းအတွင်း CDM ဝန်ထမ်းလိုင်းခန်းများအား ဖျက်ဆီးခြင်းမရှိ

အင်းစိန်နည်းပညာတက္ကသိုလ်ဝင်းအတွင်း CDM ဝန်ထမ်းလိုင်းခန်းများအား ဖျက်ဆီးခြင်းမရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

အင်းစိန် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ CDM ဝန်ထမ်းများ၏ နေအိမ်များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် Non CDM ဒုတိယပါမောက္ခချုပ်အဖွဲ့မှ စစ်တပ်နှင့်ပူးပေါင်းကာ ဦးဆောင်ဖျက်ဆီးဖယ်ရှားခဲ့ဟု တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် ကောလာဟလသတင်းအမှားများအား ရေးသားဖြန့်ဝေထား ကြောင်း တွေ့ရှိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ ရန်ကုန် နည်းပညာတက္ကသိုလ်ဝင်းအတွင်း CDM ဝန်ထမ်းလိုင်းခန်းများအား ဖျက်ဆီးခြင်းမရှိပါကြောင်း၊ သတင်းအမှား သာဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများမှ ဖြစ်စဉ်မရှိဘဲ အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဇာတ်လမ်းဆင် လုပ်ကြံဖန်တီးရေးသားထားသော သတင်းတု သတင်းမှားသာဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post