• Follow Us on
Latest News

Home အင်းစိန်မြို့တွင် လူငယ်တစ်ဦး နေအိမ်ထုပ်တန်းကိုလွယ်အိတ်ကြိုးဖြင့် ကြိုးဆွဲချ၍ သေဆုံး

အင်းစိန်မြို့တွင် လူငယ်တစ်ဦး နေအိမ်ထုပ်တန်းကိုလွယ်အိတ်ကြိုးဖြင့် ကြိုးဆွဲချ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်၊ နယ်မြေ(၂) မ/၂၃ ဓနသိဒ္ဓိလမ်းရှိ နေအိမ်ထုပ်တန်းကို လွယ်အိတ်ကြိုးဖြင့် လူငယ်တစ်ဦး ကြိုးဆွဲချ၍ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီကျော်တွင် လူငယ်တစ်ဦးမှာ နေအိမ်၌မိသားစုဝင်များမရှိခင် မိမိကိုယ်ကိုကြိုးဆွဲချ၍ သေဆုံးမှုဖြစ်ပွားကြောင်း ဖြစ်စဉ်နေရာသို့ အင်းစိန်းမြို့မရဲစခန်းမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“ဘယ်လိုကြောင့် ကြိုးဆွဲချလည်းတော့မသိဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးမှ ပြောသည်။

 

ထိုကြိုးဆွဲချသေဆုံးသူမှာ အသက်(၂၀) အရွယ် မောင်အောင်ဘုန်းမြင့်(ခ) ပါကျဲ ဖြစ်ကြောင်း ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းမှ အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post