• Follow Us on

Home အင်းစိန်မြို့နယ်တွင် တွဲကားနှင့် လိုက်ထရပ်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားရာမှ လူ ၂ ဦး သေဆုံး

အင်းစိန်မြို့နယ်တွင် တွဲကားနှင့် လိုက်ထရပ်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားရာမှ လူ ၂ ဦး သေဆုံး

Share this post

နေပြည်တေ်၊ ဇန်နဝါရီ ၁၉

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမကြီး DENKO ဆီဆိုင်ရှေ့တွင် ယမန်နေ့  ည ၈ နာရီကျော်အချိန်က တွဲကားနှင့် လိုက်ထရပ်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားရာမှ လူ ၂ ဦး သေဆုံးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ တွဲကားနှင့် လိုက်ထရပ်ယာဉ်တို့ မတော်တဆတိုက်မိရာမှ လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာ သော ယာဉ်မောင်းမှာ နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်အကူမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူများအား အနာဂါတ်သွေးနှင့် လူမှုကူညီရေးအသင်းနှင့် ပူးပေါင်းကာ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့  ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post