အင်းစိန်မြို့နယ်တွင် ပိုက်ဆံတောင်းရမ်းသည့်အမျိုးသမီးကြီး ၁ ဦးအား YBS ယာဉ်တိုက်ခံရမှုကြောင့် သေဆုံး

PUBLISHED - December 29, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံအနီးတွင် ယမန်နေ့ ည ၉ နာရီကျော်အချိန်က ပိုက်ဆံ တောင်းရမ်းသည့် အမျိုးသမီးကြီး ၁ ဦး YBS ယာဉ်မှ တိုက်ခံရမှုကြောင့် သေဆုံးသွားကြောင်း လူမှုကူညီ ရေးအသင်းများမှ သိရသည်။
ဖြစ်စဉ်မှာ ဒညင်းကုန်းလမ်းဆုံနှင့် ဒညင်းကုန်းဈေးဘူတာအနီး လမ်းပေါ်တွင် ပိုက်ဆံလိုက်လံတောင်းရမ်းနေ သည့် အသက် ၅၀ နှစ်ကျော် အမျိုးသမီးကြီးအား YBS 131 ယာဉ်တစ်စီးမှ ဝင်တိုက်မိခဲ့ရာမှ ထိုအမျိုးသမီးမှာ ကား၏အောက်သို့ ဝင်ရောက်ပြီး ညှပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအား ကနောင်နာရေးကူညီမှုအသင်းကားဖြင့် အင်းစိန်ဆေးရုံပို့ဆောင် ကူညီပေးခဲ့ကြောင်းနှင့် သေဆုံးသူ၏ အမည်၊ နေရပ်မသိရသေးကြောင်း သိရသည်။
#PeopleMedia