• Follow Us on
Latest News

Home အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ကားခေါင်းခန်းထဲလူညှပ်နေ

အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ကားခေါင်းခန်းထဲလူညှပ်နေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ BOC မှတ်တိုင် အနီးတွင် စက်တင်ဘာ ၂၆ ရက်နေ့၊ နံနက် ၈ နာရီ ၃၂ မိနစ်အချိန်ခန့်၊ ယာဉ်တိုက်မှုဖြစ်ပြီး ကားခေါင်းခန်းထဲ လူညှပ်နေကြောင်း သိရသည်။

 

ယာဉ်တိုက်မှုဖြစ်ပြီး လူညှပ်နေကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၄၈ အချိန် တွင် ကားခေါင်းခန်းတွင်ညပ်နေသူ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ပြီး အရိ ယမဂ္ဂင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post