• Follow Us on

Home အင်းစိန်မြို့ ကားမှတ်တိုင်တွင် ဥူးဇင်းတစ်ပါး ဦးခေါင်းကွဲဒဏ်ရာများဖြင့် ပျံလွန်တော်မူ

အင်းစိန်မြို့ ကားမှတ်တိုင်တွင် ဥူးဇင်းတစ်ပါး ဦးခေါင်းကွဲဒဏ်ရာများဖြင့် ပျံလွန်တော်မူ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကြီးလမ်း(ဆေးရုံ) မှတ်တိုင်တွင် ဥူးဇင်းတစ်ပါး ဦးခေါင်းကွဲဒဏ်ရာများဖြင့် ပျံလွန်တော်မူကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၆ ရက် ညနေ ၆:၃၀ အချိန်တွင် မဟာဗောဓိအောင်တော်မူကျောင်းတိုက်တွင် သီတင်းသုံး တော်မူသည့် ဥူးဇင်းမှာ ဦးခေါင်းကွဲနေသည့် ဒဏ်ရာများကို ဆေးပြရန်အတွက် အင်းစိန်ဆေးရုံ၌ ဆေးပြပြီး ကျောင်းတိုက်သို့ပြန်လာစဉ် မင်းကြီးလမ်း(ဆေးရုံ) မှတ်တိုင်ရှိ ထိုင်ခုံ၌ ကြိမ်းစက်နေစဉ် ထိုထိုင်ခုံပေါ်မှ ပြုတ်ကျ၍ ပျံလွန်တော်မူသွားကြောင်း သိရသည်။

 

ထိုပျံလွန်တော်မူသည့် ဥူးသာအစ္စမှာ သက်တော် (၄၀) ဝါတော် (၅) ဝါရှိကြောင်း၊ ထိုဦးခေါင်းကွဲသည့် ဒဏ်ရာ များမှာ မည်သည့်အတွက်ကြောင့် ဒဏ်ရာရရှိသည်ကို သိရှိရခြင်းမရှိကြောင်း၊ ပျံလွန်တော်မူသည့် ဥူးဇင်း၏ ရုပ်အလောင်းကို တွဲလက်လူမှုကူညီရေးအဖွဲ့မှ အင်းစိန်ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

Photo – တွဲလက်လူမှုကူညီရေးအဖွဲ့

 

#PeopleMedia


Share this post