• Follow Us on
Latest News

Home အင်းစိန်အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူတစ်ဦး တစ်နိုင်ငံလုံးတွင် တတိယ အမှတ်အများဆုံးရရှိ

အင်းစိန်အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူတစ်ဦး တစ်နိုင်ငံလုံးတွင် တတိယ အမှတ်အများဆုံးရရှိ

Share this post

ရန်ကုန်၊ ဇွန် ၁၁

 

အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဝင်ရောက် ဖြေဆိုသူတစ်ဦး တစ်နိုင်ငံလုံးတွင် တတိယအမှတ်အများဆုံး ရရှိခဲ့ကြောင်း သိရသည်။

 

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအား အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ (၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ယနေ့ (ဇွန် ၁၁ ရက်) ကထွက်ရှိသည့် အောင်စာရင်းအရ (၇) ဦးလုံးအောင်မြင်ခဲ့ကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ (၇) ဦးလုံးမှာ ဂုဏ်ထူးများဖြင့်အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၄ ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၂)ဦးတို့ဖြစ်၍ ၁၀၀ ရာခိုင်နှုန်းအပြည့် အောင်မြင်ခဲ့ကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနက် တစ်ဦးမှာ ဝီဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် တတိယ အမှတ်အများဆုံး ရရှိခဲ့‌ကြောင်း သိရသည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက် ဖြေဆိုသူ ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူ ၇၄၅၉၂ ဦးရှိခဲ့ကြောင်း သိရသည်။

 

ကျော်စိုးသူ

 

#PeopleMedia #EPN


Share this post