• Follow Us on
Latest News

Home အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၂၄၉၇ ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၂၄၉၇ ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅

 

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသား/အကျဉ်းသူ ၂၄၉၇ ဦးကို ယနေ့ နံနက်ပိုင်းတွင် Stadium ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်း တင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်တို့က ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံခြားသား ၁၈ ဦးနှင့် ၅၀၅-က အပါအဝင် နိုင်ငံသား အမျိုးသား ၂၁၆၂ ဦး၊ အမျိုးသမီး ၃၁၇ ဦး စုစုပေါင်း ၂၄၉၇ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ အင်းစိန် အကျဉ်းထောင်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသား/အကျဉ်းသူ ၁၀၇၉ ဦး၊ ဒုတိယအကြိမ်အဖြစ် ၅၀၅-က အပါအဝင် အချုပ်သား/အချုပ်သူ ၆၂၁ ဦး၊ တတိယအကြိမ်အဖြစ် ၅၀၅-က အပါအဝင် အချုပ်သား/အချုပ်သူ ၃၂၂ ဦး၊ စတုတ္ထအကြိမ်အဖြစ် ၅၀၅-က အပါအဝင် အချုပ်သား/ အချုပ်သူ ၆၆၈ ဦး၊ ပဉ္စမအကြိမ်အဖြစ် အကျဉ်းသား/အကျဉ်းသူ ၈၄၄ ဦး၊ ဆဋ္ဌမအကြိမ်အဖြစ် အချုပ်သား/ အချုပ်သူ ၁၄၇၇ ဦး၊ သတ္တမအကြိမ်အဖြစ် အချုပ်သား/အချုပ်သူ ၁၁၆၇ ဦး၊ အဋ္ဌမအကြိမ်အဖြစ် အကျဉ်းသား/ အကျဉ်း သူ ၉၀၊ နဝမအကြိမ်အဖြစ် အကျဉ်းသား/အကျဉ်းသူ ၁၆၀၊ ဒသမအကြိမ်အဖြစ် နိုင်ငံခြားသားများနှင့် နိုင်ငံသားအကျဉ်းသား/အကျဉ်းသူ ၉၈၅ ဦး၊ ဧက ဒသမအကြိမ်အဖြစ် နိုင်ငံခြားသားများ အပါအဝင် အကျဉ်း သား/အကျဉ်းသူ ၁၄၀၀၊ ဒွေဒသမအကြိမ်အဖြစ် နိုင်ငံခြားသားနှင့် နိုင်ငံသား အကျဉ်းသား/အကျဉ်းသူ ၂၄၉၇ ဦးတို့ကို ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ အမိန့်အမှတ် (၁/ ၂၀၂၄)နှင့် (၂/၂၀၂၄)တို့ဖြင့် ထုတ်ပြန်သည့် ရာဇ ဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ရရှိသော အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၂၁၆၂ ဦး၊ အကျဉ်းသူ ၃၁၇ ဦးတွင် ၅၀၅-က နှင့် အခြားသောအမှုများမှ အကျဉ်းသား၊ အကျဉ်း သူများပါဝင်ပြီး နိုင်ငံခြားသား ၁၈ ဦး စုစုပေါင်း ၂၄၉၇ ဦးတို့ကို ယနေ့မွန်းလွဲပိုင်းမှစ၍ YBS ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာခရိုင်များနှင့် ဒေသများသို့ ပို့ဆောင်ခဲ့ရာ လွတ်လပ်ရေးနေ့ အခါသမယတွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိကြသူများ၊ လာရောက်ကြိုဆိုကြသူများဖြင့် ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင် ကြလျက်ရှိကြောင်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေး ထားသောအားဖြင့်လည်းကောင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/ အကျဉ်းသူ ၉၆၅၁ ဦးနှင့် နိုင်ငံခြားသား ၁၁၄ ဦးတို့ကို ယင်းတို့ကျခံ ရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

 

#PeopleMedia


Share this post