• Follow Us on

Home အင်းတော်ကြီးဒေသ ညောင်ပင်၊ ချောင်းဝ၊ လွဲပေါကျေးရွာရှိ ပြည်သူ့စစ်စခန်းများကို KIA/PDF စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

အင်းတော်ကြီးဒေသ ညောင်ပင်၊ ချောင်းဝ၊ လွဲပေါကျေးရွာရှိ ပြည်သူ့စစ်စခန်းများကို KIA/PDF စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

Share this post

နေပြည်တော်၊ ဇွန် ၂၄

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးဒေသကို ထိန်းချုပ်ရန်အတွက် ညောင်ပင်၊ ချောင်းဝ၊ လွဲပေါ ကျေးရွာရှိ ပြည်သူ့စစ် စခန်းများကို KIA/PDF စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။

 

အင်းတော်ကြီးဒေသရှိ တပ်မတော်စခန်းများနှင့် ပြည်သူ့စစ်စခန်းများကို KIA/PDF ပူးပေါင်းအဖွဲ့ဝင်များမှ ဇွန်လ (၂၂)ရက်တွင် စတင်ကာ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေပြီး နေအိမ်များကိုလည်း မီးရှို့နေကြောင်း သိရသည်။

 

ဇွန်လ ၂၂ ရက် ညနေ (၄)နာရီ (၅၀)မိနစ်အချိန်က ရှမ်းနီတိုင်းရင်းသား အများဆုံးနေထိုင်သည့် အင်းတော်ကြီး ဒေသ ချောင်းဝကျေးရွာတွင် KIA/PDF ပူးပေါင်းအဖွဲ့ဝင်များနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တပ်မတော်မှ လေကြောင်းအသုံးပြုကာ နယ်မြေရှင်းလင်းနေကြောင်း သိရသည်။

 

တပ်မတော်ဘက်မှ လေကြောင်းအသုံးပြု တိုက်ခိုက်နေချိန်တွင် KIA/PDF အဖွဲ့ဝင်များသည် အင်းတော်ကြီး ဒေသရှိ ချောင်းဝ၊ မန်ကင်းစသည့်ကျေးရွာများကို လူသားဒိုင်းကာသဖွယ် ဖန်တီးအသုံးပြုမှုတွေရှိနေကြောင်း ဒေသခံများက ပြောသည်။

 

ယင်းနောက်တွင် KIA/PDF ပူးပေါင်းအဖွဲ့များမှ အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာရှိ တပ်မတော်စခန်းကို ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်နေသလို ချောင်းဝကျေးရွာရှိ ဌာနေပြည်သူ့စစ်စခန်းကိုလည်း တိုက်ခိုက်နေ သဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

 

ယင်းသို့တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် အင်းတော်ကြီးဒေသရှိ ချောင်းဝကျေးရွာ၊ မှန်ကင်းကျေးရွာ၊ လောဆွန့်ကျေးရွာရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီး KIA/PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ချောင်းဝကျေးရွာသားသုံးဦးနှင့် မှန်ကင်းကျေးရွာသားတစ်ဦး ထိခိုက်သေဆုံးကြောင်း ကနဦးသိရသည်။

 

#PeopleMedia


Share this post