• Follow Us on
Latest News

Home အင်းတော်မြို့နယ် ပင့်တင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို KIA/PDF ဖမ်းဆီးသတ်ဖြတ်

အင်းတော်မြို့နယ် ပင့်တင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို KIA/PDF ဖမ်းဆီးသတ်ဖြတ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနား ကားလမ်းအနီးရှိ ပင့်တင့်ကျေးရွာ ကျောင်း ထိုင်ဆရာတော်ကို KIA/PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ပင့်တင့်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးဉာဏ်ဏိတကို ၎င်းကျေးရွာအနီးတွင် အခြေချနေသည့် KIA/PDF အဖွဲ့ဝင်များမှ စက်တင်ဘာလ (၂၇) ရက်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံလိုက်ရခြင်း ဖြစ် ကြောင်း သိရသည်။

 

စက်တင်ဘာလ (၂၉) ရက်က ဆရာတော် ဦးဉာဏ်ဏိတ အသတ်ခံရပြီးနောက် ဆရာတော်အလောင်းအား သွားရောက်ကောက်ယူရန် KIA/PDF ပူးပေါင်းအဖွဲ့ဝင်များက ပြောခဲ့သည့်အတွက်ကြောင့် သွားရောက် ကောက်ယူခဲ့ပြီး အဆိုပါ နေရာအနီးတွင် မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

 

KIA/PDF လက်ချက်ကြောင့် ပျံလွန်တော်မူခဲ့သည့် ပင့်တင်ဆရာတော် ဦးဉာဏ်ဏိတသည် သက်တော် (၅၃) နှစ် ဝါတော် ၃၂ ဝါ ရှိပြီဖြစ်ကာ ငယ်ဖြူတစ်ပါးဖြစ်ပြီး လွန်ခဲ့သည့် လအနည်းငယ်က KIA/PDF အဖွဲ့ဝင်များမှ သတိပေးစာပစ်ခံရပြီးနောက် ဆရာတော်က ရှောင်တိမ်းခဲ့ဖူးကြောင်းသိရပါတယ်။

 

ပျံလွန်တော်မူခဲ့သည့် ပင့်တင်ဆရာတော် ဦးဉာဏ်ဏိတသည် စာအပစ်ခံရပြီးနောက်ပိုင်း ပင့်တင်ကျေးရွာမှ ရှောင်ထွက်သွားခဲ့ပြီး ဝါတွင်းကာလတွင် ကျေးရွာရှိ ဒါယိကာ၊ ဒါယိကာမများက အာမခံကြောင်း ပြန်လည် ပင့်လျှောက်မှုကြောင့် ဝါဆိုရန် ပင့်တင့်ကျေးရွာကျောင်းသို့ ပြန်လည်ကြွလာခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post