အင်းတော်-ဗန်းမောက်ကားလမ်းရှိ သံကူကွန်ကရစ်တံတားအား KIA/PDF က ဒုတိယအကြိမ် မိုင်းထောင် ဖောက်ခွဲ
PUBLISHED - July 20, 2023
နေပြည်တော်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းကျေးရွာအနီး အင်းတော်-ဗန်းမောက်ကားလမ်းပေါ် သံကူ ကွန်ကရစ်တံတားအား ဇူလိုင်လ ၁၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် KIA နှင့် PDF အကြမ်းဖက် သမားပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
အင်းတော်-ဗန်းမောက်ကားလမ်းပေါ် တည်ဆောက်ထားသည့် အလျား ၃၀ ပေ၊ အကျယ် ၂၄ ပေရှိ သံကူ ကွန်ကရစ်အမျိုးအစား တံတားအမှတ်(၇/၃) အား KIA နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က မိုင်း ထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏ မြောက်ဘက် ကမ်းကပ်ခုံပြိုကျပျက်စီးကာ တံတားကြမ်းခင်း ပြတ်တောက်သွားသဖြင့် လူနှင့် ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။
အဆိုပါတံတားအား KIA နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က ဇူလိုင်လ ၁၅ ရက်နေ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သော်လည်း ပျက်စီးခဲ့မှုမရှိသဖြင့် ဒုတိယအကြိမ်ထပ်မံဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်း ဖြစ် ကြောင်းနှင့် ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
#PeopleMedia