အင်းလေးရေပေါ်သင်္ကြန်ကို အင်းလေးရေလယ်ဧည့်ခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်
PUBLISHED - April 8, 2024
နေပြည်တော်၊ ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တွင် ၂၀၂၄ ခုနှစ် အင်းလေးရေပေါ်သင်္ကြန် ပွဲတော်ကို အင်းလေးကန်ရှိ အသစ်ပြန်လည်ပြင်ဆင်မွမ်းမံထားသော ရေလယ်ဧည့်ခန်းမတွင် စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။
အင်းလေးရေပေါ်သင်္ကြန်ကို ရိုးရာအကအလှ ဖျော်ဖြေမှုများ၊ စတုဒီသာကျွေးမွေးဧည့်ခံမှုများဖြင့် လာမည့် ဧပြီလ (၁၃) ရက်မှ (၁၆)ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ တစ်နံတစ်လျားမှ ခရီးသွားဧည့်သည်များအနေဖြင့် ဖောင်တော်ဦးဘုရားဖူးလာရောက်ဖူးမြော်ရင်း အင်းလေး ရေပေါ်သင်္ကြန်ကို ပါဝင်ဆင်နွှဲကြရန်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာက ဖိတ်ခေါ်ထားသည်။
အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ၂၀၁၉ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုဗစ် -၁၉ ကပ်ရောဂါများ ဖြစ်ပွါးခဲ့သဖြင့် ရပ်နားထားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ အင်းလေးကန်သည် ပြန်လည် အသက်ဝင်လာပြီး၊ ခရီးသွားဧည့်သည်များကြောင့် ဒေသခံပြည်သူများ၏ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်း၊ စက်လှေအငှားပို့ဆောင်မှုလုပ်ငန်း၊ အမှတ်တရပစ္စည်းရောင်းချသည့်လုပ်ငန်းများ ဝင်ငွေတိုးတက်ရရှိခဲ့ ကြောင်း သိရသည်။
#PeopleMedia