• Follow Us on
Latest News

Home အငြင်းပွာရေပြင်ထဲ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတွေ ကင်းလှည့်

အငြင်းပွာရေပြင်ထဲ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတွေ ကင်းလှည့်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄

 

တရုတ်တပ်ဖွဲ့ဝင်တွေက တရားမဝင်ဆက်လက်တည်ရှိပြီး စစ်ဆင်ရေးဆောင်ရွက်နေတယ်ဆိုတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ကန့် ကွက်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့သင်္ဘောတွေ ဟာ ကင်းလှည့်တာဝန်ထမ်းဆောင် ကာကွယ်ခဲ့ကြောင်း တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

 

“တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ တရားဥပဒေနဲ့ညီညွတ်ပြီး တရားမျှတမှုရှိတဲ့ ဘယ်လိုဝေဖန်မှုမျိုးမှ မပြုလုပ်နိုင်တဲ့ သက်ဆိုင်ရာရေပြင်ပိုင်နက်မှာ ကင်းလှည့်တာဝန်တွေထမ်းဆောင်နေပြီး တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက် နေပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Guo Jiakun က တနင်္လာနေ့က ပြောပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ “မလိုမုန်းထား ပြောဆိုမှုတွေဖြန့်ဝေနေတာနဲ့ တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေကြားမှာ သပ်လျှိုနေ တာတွေ” ကို ရပ်တန်းကရပ်ဖို့ Guo က တိုက်တွန်းလိုက်ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်နဲ့ ရေပိုင်နက်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ သီတင်းပတ်နဲ့ချီပြီး တည်ရှိနေတယ်လို့ ဖိလစ်ပိုင်နိုင်ငံက စွပ်စွဲရှုတ်ချလိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက အခုလိုပြောကြားလိုက် တာဖြစ်ပါတယ်။

 

“တရုတ်နိုင်ငံအနေနဲ့ အထူးသီးသန့်စီးပွားရေးဇုန်ထဲက ဖိလစ်ပိုင်နိုင်ငံရဲ့ အချုပ်အခြာအာဏာအခွင့်အရေးတွေကိုချိုး ဖောက်တဲ့ တရားမဝင်လုပ်ရပ်တွေ ဆောင်ရွက်နေတဲ့ ၎င်းတို့ရဲ့ သင်္ဘောတွေကို ရပ်တန့်ဖို့ ညွှန်ကြားရမှာဖြစ်ပါတယ်။” လို့ မနီလာမှာရှိတဲ့ အမျိုးသားပင်လယ်ရေကြောင်းကောင်စီက တနင်္လာနေ့က ပြောပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘေးလ်စ်ပြည်နယ်ကမ်းရိုးတန်းကနေ ရေမိုင် ၇၀-၉၀ ဝန်းကျင်ကွာဝေးတဲ့ Bajo de Masinloc ကျွန်း တစ်ဝိုက်မှာရှိတဲ့ ရေပိုင်နက်ထဲမှာ ဇန်နဝါရီလကစပြီး တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတစ်စီးအပါအဝင် တရုတ် သင်္ဘော ၅ စီးကို ခြေရာခံတွေ့ရှိရကြောင်း အဆိုပါကောင်စီက ပြောပါတယ်။

 

တရုတ်သင်္ဘောတွေရဲ့ တရားမဝင် ဝင်ရောက်မှုကို ခြေရာခံမိတာနဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဟာ ၎င်းတို့သင်္ဘော တွေနဲ့ လေယာဉ်တွေကို တပ်ဖြန့်ချထားခဲ့ကြောင်း ကောင်စီက ပြောပါတယ်။

 

တရုတ်သင်္ဘောတွေထဲက တစ်စီးကတော့ ကမ္ဘာ့အကြီးဆုံး ကမ်းခြေစောင့်တပ်သင်္ဘောဖြစ်ပြီး monster ship လို့ ခေါ် ကြတဲ့ CCG 5901 သင်္ဘောလည်း ပါဝင်တယ်လို့ဆိုပါတယ်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဟာ တင်းမာမှုတွေမြင့်တက်လာအောင် ရန်စကျူးကျော်တဲ့အနေနဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စီးအပေါ်ကနေ အကြီးစားရဟတ်ယာဉ်တစ်စီးကို စေလွှတ်ဝဲပျံစောင့်ကြည့် ခိုင်းခဲ့ကြောင်းလည်း ကောင်စီက ပြောပါတယ်။

 

Bajo de Masinloc ဆိုတာ Scarborough Shoal ခေါ် သောင်စွယ်တန်းကို ဖိလစ်ပိုင်နာမည်နဲ့ ခေါ်ဆိုတာဖြစ်ပြီး အငြင်း ပွားနေတဲ့ အဲဒီသောင်စွယ်တန်းနေရာကိုပဲ Huangyan ကျွန်းလို့ တရုတ်က ခေါ်ပါတယ်။

 

Scarborough Shoal ခေါ် အဲဒီသောင်စွယ်တန်းဟာ ဖိလစ်ပိုင်ကမ်းခြေကနေ ရေမိုင် ၁၂၄ မိုင်ကွာဝေးပြီး တရုတ်နိုင်ငံ ကနေ ရေမိုင် ၁၄၃၅ မိုင်ကျော်ကွာဝေးပါတယ်။

 

Ref: China defends Scarborough Shoal patrols after Philippine protest

 

#PeopleMedia


Share this post