• Follow Us on
Latest News

Home အငြင်းပွားကျောက်တန်းအနီး တရုတ်သင်္ဘော ၁၃၅ စီး ရောက်ရှိအင်အားပြနေကြောင်း ဖိလစ်ပိုင်ပြော

အငြင်းပွားကျောက်တန်းအနီး တရုတ်သင်္ဘော ၁၃၅ စီး ရောက်ရှိအင်အားပြနေကြောင်း ဖိလစ်ပိုင်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅

 

တရုတ်သင်္ဘော ၁၃၅ စီးဟာ ဖိလစ်ပိုင်ရေပိုင်နက် ကျောက်တန်းအလွန်ကို ရောက်ရှိနေပြီး အင်အားပြနေ ကြောင်း ဖိလစ်ပိုင်နိုင်ငံက တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံပိုင် ပါလဝန်ကျွန်းအနောက်ဘက် ကီလိုမီတာ ၃၂၀ (မိုင် ၂၀၀) ဝန်းကျင်မှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံက ဂျူလီယန်ဖိလစ်ပီးကျောက်တန်းလို့ခေါ်တဲ့ လေးကိုင်းသဏ္ဍန် ဝစ်ဆန်းကျောက်တန်းနယ်မြေထဲမှာ တရုတ် သင်္ဘောတွေဟာ ပြန့်ကျဲနေတယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

 

ဝစ်ဆန်းကျောက်တန်းဟာ တရုတ်နိုင်ငံရဲ့အနီးဆုံး ဟိုင်နန်ကျွန်းနဲ့ ကီလိုမီတာ ၁၀၀၀ ကျော်ကွာဝေးပါတယ်။

 

နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တရုတ်ရေတပ်သင်္ဘော ၁၁၁ စီးကို တွေ့ရှိခဲ့ရပြီး စနေနေ့က ဖိလစ်ပိုင်ကမ်းခြေ စောင့်တပ်ဖွဲ့သင်္ဘော ၂ စီးကို တပ်ဖြန့်ချထားချိန်မှာ တရုတ်သင်္ဘောအရေအတွက် ၁၃၅ စီးအထိ တိုးမြင့်လာ တာကို တွေ့မြင်ရကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

 

“ဂျူလီယန်ဖိလစ်ပီးကျောက်တန်းဝန်းကျင်မှာ ပြန့်ကြဲနေတဲ့ တရုတ်ရေတပ်သင်္ဘော အရေအတွက်ဟာ ၁၃၅ စီး အထိတိုးမြင့်လာပြီဖြစ်ပြီး အဲဒီသင်္ဘောတွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပဖွဲ့သင်္ဘောတွေက ရေဒီယို ဆက် သွယ်ရေးစနစ်နဲ့ အချက်ပြတာကို ဘာမှတုံ့ပြန်တာမရှိပါဘူး။” လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။

 

မနီလာမှာရှိတဲ့ တရုတ်သံရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်းတုံ့ပြန်ဖြေကြားတာမရှိပါဘူး။

 

တရုတ်နိုင်ငံဟာ ၎င်းတို့အိမ်နီးချင်းနိုင်ငံတွေနဲ့ နီးကပ်စွာတည်ရှိနေတဲ့ ရေပိုင်နက်တွေနဲ့ ကျွန်းတွေအပါအဝင် တောင်တရုတ်ပင်လယ်ထဲက နယ်မြေအများအပြားကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသလို နိုင်ငံတကာတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလည်း လျစ်လျူရှုထားပါတယ်။

 

တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနယ်မြေ ရေပိုင်နက်တွေထဲမှာ ကင်းလှည့်ဖို့ ၎င်းတို့ ရေတပ်သင်္ဘောတွေကို တပ်ဖြန့်ချထားသလို တရုတ်တည်ရှိမှုကို အားဖြည့်ဖို့အတွက် လူလုပ်ကျွန်းတွေတည် ဆောက်ပြီး စစ်စခန်းတွေကိုပါ တပ်ဖြန့်ချထားပါတယ်။

 

ရေနံ/သဘာဝဓာတ်ငွေ့နဲ့ တခြားသယံဇာတရင်းမြစ်တွေပေါကြွယ်ဝတယ်လု့ိ ခန့်မှန်းရတဲ့ တောင်တရုတ် ပင် လယ်ထဲက ကျွန်းတွေနဲ့ ကျောက်တန်းအများအပြားကို ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ် နိုင်ငံတို့ကလည်း ၎င်းတို့ပိုင်ဆိုင်ကြောင်း တောင်းဆိုထားပါတယ်။

 

၂၀၂၁ ခုနှစ်တုန်းက အလားတူအဖြစ်အပျက်မျိုးဖြစ်ပွားခဲ့ရာမှာ ဖိလစ်ပိုင်နဲ့ တရုတ်အစိုးရ အငြင်းပွားနေတဲ့ ကျောက်တန်း အနီးမှာ တရုတ်သင်္ဘော အစီး ၂၀၀ ကျော် အင်အားပြခဲ့ပါတယ်။

 

Ref: Philippines Says 135 Chinese Boats ‘Swarming’ Reef off Its Coast

 

#PeopleMedia


Share this post