အငြင်းပွားဖွယ် သန္တာကျောက်တန်းမှာ သောင်တင်နေတဲ့ ဒုတိယကမ္ဘာ့စစ်လက်ကျန် ဖိလစ်ပိုင်စစ်သင်္ဘောကို ဖယ်ရှားပေးဖို့ တရုတ်က တောင်းဆို
PUBLISHED - August 8, 2023
နိုင်ငံတကာ၊ သြဂုတ် ၈
အငြင်းပွားဖွယ် သန္တာကျောက်တန်းတွေအနီးမှာ သောင်တင်နေတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် ဖိလစ်ပိုင် စစ်သင်္ဘောတစ်စင်းကို ဖယ်ရှားပေးဖို့ ထပ်ခါတလဲလဲတောင်းဆိုမှုတွေကို ဖိလစ်ပိုင်က လစ်လျူရှုခဲ့တယ်လို့ တရုတ်က ပြောပါတယ်။
ဖီလစ်ပိုင်က ဒုတိယကမ္ဘာစစ်လက်ကျန် ဒီစစ်သင်္ဘောကို ၁၉၉၀ ပြည့်လွန်နှစ် အလွန်ကတည်းက တရုတ်ရဲ့ တိုးတက်မှုကို စောင့်ကြည့်ဖို့ တမင်တကာ သန္တာကျောက်တန်းအနီးမှာ ကျောက်ချရပ်နားထားခဲ့တာဖြစ်ပြီး ယာယီစစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုနေတယ်လို့ ဆိုပါတယ်။
တရုတ်ရဲ့ စစ်သင်္ဘောဖယ်ရှားပေးဖို့ တောင်းဆိုမှုဟာ တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်ကုန်တင်သင်္ဘော တွေကို မီးသတ်ပိုက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
“ဖိလစ်ပိုင်ဘက်က သန္တာကျောက်တန်းမှာ တရားမဝင် သောင်တင်နေတဲ့ စစ်သင်္ဘောကို လွှင့်ပစ်ဖို့ ထပ်ခါ တလဲလဲ ရှင်းရှင်းလင်းလင်း ကတိတွေ ပေးထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
“နှစ်ဆယ့်လေးနှစ်ကြာပြီးပြီ၊ ဖိလစ်ပိုင်ဘက်ကတော့ စစ်သင်္ဘောကို ဖယ်ရှားပေးဖို့ ပျက်ကွက်ခဲ့ရုံသာမက ဒီသန္တာကျောက်တန်းကို အမြဲတမ်းသိမ်းပိုက်နိုင်ဖို့ အကြီးစားပြင်ဆင်ပြီး အားဖြည့်ဖို့လည်း ကြိုးပမ်းခဲ့ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်က တရုတ်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒီသန္တာကျောက်တန်းကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဖိလစ် ပိုင်အမျိုးသားလုံခြုံရေးကောင်စီ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဂျိုနသန်မာလာယာက ချက်ချင်းတုံ့ပြန်ခဲ့ ပါတယ်။
ဒီစစ်သင်္ဘောပေါ်မှာ တပ်စွဲထားတဲ့ ဖိလစ်ပိုင်စစ်သားတွေဆီကို ရိက္ခာ၊ ရေ၊ လောင်စာနဲ့ အခြားထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ ဖိလစ်ပိုင်သင်္ဘောတွေကို စနေနေ့က တရုတ်ကမ်းခြေစောင့်တပ်က ပိတ်ဆို့ပြီး မီးသတ်ပိုက်တွေနဲ့ ပစ်ခတ်ခဲ့လို့ တရုတ်သံတမန်ကို ဖိလစ်ပိုင်က ဆင့်ခေါ်ခဲ့ပါသေးတယ်။
ref; aljazeera
#PeopleMedia