• Follow Us on
Latest News

Home အငြင်းပွားရေပြင်က ဖိလစ်ပိုင်တပ်စခန်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ဖိလစ်ပိုင် နိုင်ငံက ဆက်လက်ပို့ဆောင်သွားမည်

အငြင်းပွားရေပြင်က ဖိလစ်ပိုင်တပ်စခန်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ဖိလစ်ပိုင် နိုင်ငံက ဆက်လက်ပို့ဆောင်သွားမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၁

 

တရုတ်သင်္ဘောတွေက ဖိလစ်ပိုင်သင်္ဘောတွေကို နှောင့်ယှက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ တောင်တရုတ်ပင်လယ် ထဲက အငြင်းပွားနေရာတစ်ဝိုက်မှာရှိတဲ့ နယ်စွန်နယ်ဖျားက အခြေစိုက်စခန်းတစ်ခုကို ထောက်ပံ့ရေးပစ္စည်းတွေ ထပ်မံပို့ဆောင်သွားမယ်လို့ ဖိလစ်ပိုင်အစိုးရက သြဂုတ်လ ၁၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

Second Thomas Shoal ခေါ် ရေတိမ်သောင်စွယ်မှာ တပ်စခန်းချထားတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေအတွက် လို အပ်တဲ့ စားနပ်ရိက္ခာ၊ ရေနဲ့ လောင်စာဆီတွေတင်လာတဲ့ ထောက်ပံ့ရေးသင်္ဘောတွေကို ပြီးခဲ့တဲ့ စနေနေ့ (သြ ဂုတ်လ ၅ ရက်နေ့) က စေလွှတ်ခဲ့ရာမှာ အဲဒီသင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက ကြား ဖြတ်ဟန့်တားခဲ့ပြီး ရေပိုက်တွေနဲ့ ပန်းခဲ့ပါတယ်။

 

အဲဒီအဖြစ်အပျက်ကြောင့် ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေးတင်းမာမှုဖြစ်ပေါ်လာခဲ့ပြီး နိုင်ငံတ ကာအသိုင်းအဝိုင်းကလည်း တရုတ်နိုင်ငံရဲ့လုပ်ရပ်ကို ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

 

အငြင်းပွားရေပိုင်နက်ထဲမှာ တရုတ်တွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ၁၉၉၉ ခုနှစ်မှာ အဲဒီ သောင်စွယ်အနီး ကျောက်ချရပ်နားထားတဲ့ BRP Sierra Madre ခေါ် ဒုတိယကမ္ဘာစစ် လက်ကျန် သင်္ဘော ဟောင်ကြီးပေါ်မှာ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တချို့ကို တပ်ဖြန့်ချထားတာဖြစ်ပါတယ်။

 

အဲဒီသင်္ဘောဟောင်းကြီးပေါ်က တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာတွေကို ဖိလစ်ပိုင်ရေတပ်က လာရောက်ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

 

သြဂုတ်လ ၅ ရက်နေ့က ဖြစ်စဉ်မှာ တခြားထောက်ပံ့ရေးသင်္ဘောတွေ ရည်မှန်းချက်ကို ရောက်ရှိခဲ့ပေမဲ့ ထောက် ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောတစ်သီးကို တရုတ်သင်္ဘောတွေကနှောင့်ယှက်တားမြစ်ခဲ့တာဖြစ်ပါ တယ်။

 

“နောက်ထပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်ကို လာမယ့်သီတင်းပတ်အစောပိုင်းမှာ ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ဒါပေမဲ့ တပ်ဖွဲ့ဝင်တွေ ရိက္ခာမကုန်ခင် အရောက်ပို့ရမှာဖြစ်ပါတယ်။” လို့ ပါလာဝန်ကျွန်းမှာအခြေစိုက် ထားတဲ့ ဖိလစ်ပိုင်တပ်မတော်အနောက်ဘက်စစ်ဌာနချုပ်အကြီးအကဲ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး အဲလ်ဘတ် တို ကားလို့စ်က သတင်းထောက်တွေကို ပြောပါတယ်။

 

အခုတစ်ခေါက်ရိက္ခာပို့ရာမှာလည်း ပြီးခဲ့တဲ့စနေနေ့က သင်္ဘောတွေကိုပဲ အသုံးပြုသွားမှာဖြစ်သလို အခုတစ် ခေါက်မှာ ထပ်မံနှောင့်ယှက်မှုတွေနဲ့ မကြုံတွေ့ရလောက်ဖူးလို့ မျှော်လင့်ထားကြောင်း၊ လေကြောင်းကနေ ရိက္ခာတွေချပေးဖို့လည်း စဉ်းစားထားကြောင်း ကားလို့စ်ကပြောပါတယ်။

 

Second Thomas Shoal သောင်စွယ်ဟာ ပါလာဝန်ကျွန်းနဲ့ ကီလိုမီတာ ၂၀၀ ဝေးကွာပြီး တရုတ်နိုင်ငံ ဟိုင်နန် ကျွန်းနဲ့ ကီလိုမီတာ ၁၀၀၀ ကျော်ဝေးကွာပါတယ်။

 

တရုတ်နိုင်ငံဟာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုပြီး နှစ်စဉ်ဒေါ်လာထရီလီယန်ချီပြီး ဝင်ငွေရ နေတဲ့ အဲဒီကုန်သွယ်ရေးလမ်းကြောင်းဖြတ်သန်းရာ အငြင်းပွားရေပိုင်နက်တစ်ခုလုံးကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားပါတယ်။

 

အဲဒီအငြင်းပွားရေပိုင်နက်ကို ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်သွားဖို့ လိုအပ်ကြောင်း ပါလာဝန်ကျွန်းမှာရှိ တဲ့ အနောက်ဘက်စစ်ဌာနချုပ်ကို လာရောက်စဉ် ဖိလစ်ပိုင်တပ်မတော် စစ်ဦးစီးအကြီးအကဲ ဗိုလ်ချုပ်ကြီး ရိုမီယို ဘရော်နာက ပြောပါတယ်။

 

“ကျွန်တော်တို့နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုံကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အဲဒီဒေသကို သင်္ဘောတွေ ထပ်မံစေလွှတ်ဖို့ အစီအစဉ်ရှိပါတယ်။ လိုအပ်လာခဲ့ရင် ကျွန်တော်တို့ လေယာဉ်တွေပါ စေလွှတ်သွားမှာဖြစ်ပါ တယ်။ အဲဒီဒေသမှာ ကျွန်တော်တို့ နေရာယူထားဖို့ လိုအပ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်ထဲမှာ ကင်းလှည့်ဖို့ တရုတ်စစ်သင်္ဘောပေါင်းရာနဲ့ချီပြီး တပ်ဖြန့် ချထားပါတယ်။

 

Ref: Philippine military says will send more supplies to outpost on disputed reef: AFP

 

#PeopleMedia


Share this post