• Follow Us on

Home အငြင်းပွားရေပြင်တွင် ဖိလစ်ပိုင်သင်္ဘောများကို တရုတ်သင်္ဘောတွေက လိုက်လံနှောင့်ယှက်ပိတ်ဆို့

အငြင်းပွားရေပြင်တွင် ဖိလစ်ပိုင်သင်္ဘောများကို တရုတ်သင်္ဘောတွေက လိုက်လံနှောင့်ယှက်ပိတ်ဆို့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၄

 

တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနယ်မြေတစ်ခုက စစ်စခန်းငယ်တစ်ခုကို စားနပ်ရိက္ခာသွားရောက် ထောက်ပံ့တဲ့ ဖိလစ်ပိုင်သင်္ဘော ၄ စီးကို တရုတ်သင်္ဘော ၈ စီးက လိုက်လံပိတ်ဆို့ခဲ့တာကို အဲဒီပင်လယ်ပြင် အထက်ကောင်းကင်ယံမှာရှိတဲ့ အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်းက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အငြင်းပွားရေပိုင်နက်ထဲက Second Thomas Shoal ခေါ် သောင်စွယ်တန်းမှာရှိနေတဲ့ စခန်းငယ်လေးအတွက် စားနပ်ရိက္ခာသွားရောက်ပို့ဆောင်ဖို့ ဖိလစ်ပိုင်သင်္ဘောတွေကိုခွင့်ပြုကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က အဲဒီ ရေပိုင်နက်မှာ ကင်းလှည့်နေတဲ့သင်္ဘောတွေဆီက အာမခံချက်ရရှိပြီးနောက်မှာ အခုလို နှောင့်ယှက်ပိတ်ဆို့မှု တွေကြုံရတာလို့ ဆိုပါတယ်။

 

အဲဒီသောင်စွယ်ထိပ်မှာ အသေကျောက်ချထားတဲ့ ရေတပ်သင်္ဘောပျက်ကြီးတစ်စီးပေါ်မှာ တပ်စွဲထားတဲ့ ဖိလစ် ပိုင်မရိန်းတပ်ဖွဲ့ဝင်တွေအတွက် စားနပ်ရိက္ခာတွေသယ်ဆောင်လာတဲ့ သင်္ဘော ၂ စီးကို အစောင့်အဖြစ် လိုက်ပါ လာတဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘော ၂ စီးကို တရုတ်သင်္ဘောက ရေဒီယိုအော်ပရေတာက သတိ ပေးခဲ့တယ်လု့ိ ဆိုပါတယ်။

 

“အဲဒီနေရာက ထွက်ခွာသွားဖို့ ဒီလိုမှမဟုတ်ရင် နောက်ဆက်တွဲအဖြစ်အပျက်တွေအတွက် အပြည့်အဝတာဝန် ယူရမှာဖြစ်ကြောင်း” တရုတ်ရေဒီယိုအော်ပရေတာက ဖိလစ်ပိုင်သင်္ဘောတွေကို သတိပေးခဲ့ပါတယ်။

 

တရုတ်သင်္ဘောတွေက ဖိလစ်ပိုင်သင်္ဘော ၄ စီးကို လိုက်လံနှောင့်ယှက်ပိတ်ဆို့ပြီး ဝိုင်းပတ်ထားစဉ်အတွင်းမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘော ၂ စီးအနက် တစ်စီးဖြစ်တဲ့ BRP Cabra သင်္ဘောပေါ်မှာပါလာတဲ့ AFP သတင်းထောက်အုပ်စုတစ်စုက စောင့်ကြည့်နေခဲ့ပါတယ်။

 

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတစ်စီးဟာ BRP Cabra သင်္ဘောနားကို လေးငါးမီတာအကွာအဝေး အထိ ကပ်လာတယ်လို့ ဆိုပါတယ်။

 

နောက်ဆုံးမှာတော့ ဖိလစ်ပိုင်ထောက်ပံ့ရေးသင်္ဘော ၂ စီးစလုံးဟာ သောင်စွယ်မှာကျောက်ချထားတဲ့ သင်္ဘော ပျက်ကြီး BRP Sierra Madre ဆီကိုရောက်ရှိသွားပြီး ၎င်းတို့သယ်ဆောင်လာတဲ့ စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ ရေးပစ္စည်းတွေကို ချပေးခဲ့ပါတယ်။

 

တရုတ်သင်္ဘောတွေက ဖိလစ်ပိုင်ထောက်ပံ့ရေးခရီးစဉ်ကသင်္ဘောတွေကို ရေပိုက်နဲ့ပက်ခဲ့တဲ့ဖြစ်စဉ်အပြီး သီ တင်းပတ်သုံးပတ်မပြည့်ခင် Second Thomas Shoal သောင်စွယ်ကို နောက်တစ်ကြိမ်ရိက္ခာထောက်ပံ့ရေး သွားရောက်တဲ့ခရီးစဉ်မှာ ကြုံတောင့်ကြုံခဲ လိုက်ပါခွင့်ရတဲ့ မီဒီယာသုံးခုမှာ AFP မီဒီယာလည်းပါဝင်တယ်လို့ ဆိုပါတယ်။

 

သြဂုတ်လ ၅ ရက်နေ့က တရုတ်သင်္ဘောတွေနှောင့်ယှက်တဲ့ဖြစ်စဉ်ကြောင့် ဖိလစ်ပိုင်အစိုးရနဲ့ တရုတ်အစိုးရ ကြား သံတမန်ဆက်ဆံရေးတွေ တင်းမာခဲ့ကြသလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တရုတ်အစိုးရကိုပြစ် တင်ဝေဖန်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံဟာ နှစ်စဉ်ကုန်သွယ်မှုအရ ဒေါ်လာထရီလီယန်ပေါင်းများစွာဖြတ်သန်းစီးဆင်းနေတဲ့ တောင်တရုတ် ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး နိုင်ငံတကာရေကြောင်း စည်းမျဉ်းစည်းကမ်း တွေကို လျစ်လျူရှုထားပါတယ်။

 

တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေရာတစ်ဝိုက်ကို တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘရူနိုင်း တို့က အသီးသီးပိုင်ဆိုင်ကြောင်း ပြောဆိုထားကြတာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲမှာ သင်္ဘောပေါင်းရာနဲ့ချီတပ်ဖြန့်ချထားပြီး တရုတ်ရေတပ်သင်္ဘော တွေဟာ အဲဒီနေရာတစ်ဝိုက်က ဖိလစ်ပိုင်သင်္ဘောတွေကို ပုံမှန်လိုက်လံနှောင်ယှက်ဟန့်တားလျက်ရှိတယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

 

Second Thomas Shoal သောင်စွယ်ဟာ ဖိလစ်ပိုင်အနောက်ဘက်က ပါလာဝန်ကျွန်းနဲ့ ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) ဝေးကွာပြီး တရုတ်ပိုင်ဟိုင်နန်ကျွန်းနဲ့ ကီလိုမီတာ ၁၀၀၀ ကျော် ဝေးကွာပါတယ်။

 

ဖိလစ်ပိုင်အစိုးရဟာ တရုတ်နယ်မြေတိုးချဲ့မှုတွေကို စောင့်ကြည့်ဖို့အတွက် ၁၉၉၉ ခုနှစ်မှာ အဲဒီသောင်စွယ်မှာ ဒုတိယကမ္ဘာစစ်လက်ကျန် BRP Sierra Madre သင်္ဘောပျက်ကြီးကို အသေကျောက်ချထားခဲ့ပါတယ်။

 

Ref: Chinese Ships Chase, Block Philippine Boats in Disputed Sea

 

#PeopleMedia


Share this post