အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာ နေစိုးမောင် ဖမ်းဆီးထိန်းသိမ်းခံရ

PUBLISHED - October 25, 2024
နေပြည်တော်၊ အောက်တိုဘာ ၂၅
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ယက် စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာ နေစိုးမောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ (၂၃)ရက် ညနေ (၆)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် ဒေါက်တာနေစိုးမောင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အရေးယူ အမှုဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်သူ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
#PeopleMedia