• Follow Us on
Latest News

Home အငြိမ်းစားယူရမယ့်အသက်ကို ၆၅ နှစ်အထိ တိုးမြှင့်ဖို့ ထိုင်းအစိုးရ စဉ်းစားနေ

အငြိမ်းစားယူရမယ့်အသက်ကို ၆၅ နှစ်အထိ တိုးမြှင့်ဖို့ ထိုင်းအစိုးရ စဉ်းစားနေ

Share this post

 

နိုင်ငံတကာ၊ မတ် ၁၈

 

ထိုင်းနိုင်ငံမှာ အငြိမ်းစားယူရမယ့်အသက် ၆၀ ကနေ ၆၅ နှစ်အထိ တိုးမြှင့်သွားဖို့နဲ့ မိမိသဘောဆန္ဒအ လျောက်အငြိမ်း စားယူခြင်းကို အားပေးမြှင့်တင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနက စဉ်းစားနေပါတယ်။

 

ထိုင်းနိုင်ငံဟာ သက်ကြီးရွယ်အိုလူ့အဖွဲ့အစည်း (လူဦးရေ ၂၀% အထက် သက်ကြီးရွယ်အိုများဖြစ်လာခြင်း) တစ်ခု ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် လူမှုဖူလုံရေးရုံး (SSF) ရဲ့ ဘဏ္ဍာရေးစွမ်းရည်မြှင့်တင်ဖို့လိုအပ်တဲ့အတွက် အခုလို စဉ်း စားနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

လူမှုဖူလုံရေးရန်ပုံငွေကို သက်ကြီးရွယ်အိုပင်စင်ပေးရာမှသာမက သာမန်ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက် မှုတွေမှာလည်း အသုံးပြုနေတဲ့အတွက် အလုပ်သမားဝန်ကြီး ဖိဖက်ရတ်ချာကစ်ပရာကန်က လူမှုဖူလုံရေးရုံး (SSF) ကို ဘဏ္ဍာရေးအရ ခိုင်မာတောင့်တင်းစွာ ရေရှည်အသုံးပြုနိုင်တဲ့ အဖွဲ့အစည်း ဖြစ်စေချင်ကြောင်း ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဖမ်းဖက်မူအန်ချန်းက ပြောပါတယ်။

 

လုပ်သားအင်အားကျဆင်းလာပြီး သက်ကြီးရွယ်အိုအရေအတွက် တိုးပွားလာတာကြောင့် လူမှုဖူလုံရေးရုံး (SSF) ဟာ အနှစ် ၃၀ အတွင်းလောက်မှာ ရန်ပုံငွေပြတ်လပ်သွားနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထား ပါတယ်။

 

ဒါ့ကြောင့်မို့ ရန်ပုံငွေ ရှေရှည်တည်တံ့ခိုင်မြဲစွာသုံးစွဲနိုင်ဖို့အတွက် ဝန်ကြီးက သက်ဆိုင်ရာအရာရှိတွေကို နည်းလမ်းတွေ ရှာဖွေဖို့ ညွှန်ကြားခဲ့တာဖြစ်ကြောင်း မစ္စတာဖမ်းဖက်က ပြောပါတယ်။

 

ထည့်သွင်းစဉ်းစားနေတဲ့ အဆိုပြုချက်တွေထဲမှာ အငြိမ်းစားယူနိုင်တဲ့အသက်အရွယ်ကို ၆၅ နှစ်အထိ တိုးမြှင့်သွားပြီး မိမိ သဘောဆန္ဒအလျောက်အငြိမ်းစားယူတာကို စတင်ကျင့်သုံးသွားဖို့ အစီအစဉ် ပါဝင်ကြောင်း ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် လူမှုဖူလုံရေးရုံး (SSF) ရဲ့ လစဉ် ပုံမှန်ထည့်ဝင်ထောက်ပံ့မှုကို တွက်ချက်ရာမှာအသုံးပြုတဲ့ ငွေကြေး ကန့်သတ် မှုပမာဏကိုလည်း မြှင့်တင်သွားဖို့ ဝန်ကြီးဌာနက စဉ်းစားနေကြောင်း ၎င်းက ပြောပါတယ်။

 

လက်ရှိဆန်းစစ်လေ့လာနေဆဲဖြစ်တဲ့ ဝန်ကြီးဌာနရဲ့ စည်းမျဉ်းသစ်တစ်ခုအရ ထောက်ပံ့သူတစ်ဦး လစဉ်ထည့်ဝ င်တဲ့ ပမာဏကို ၂၀၂၇ ခုနှစ်မတိုင်ခင်မှာ ဘတ်ငွေ ၁၅,၀၀၀ ကနေ ၁၇,၅၀၀ အထိ မြှင့်တင်သွားမှာဖြစ်ပါတယ်။

 

အဲဒီမြှင့်တင်မှုပမာဏဟာ ၂၀၃၀ ပြည့်နှစ်မှာ ဘတ်ငွေ ၂၀,၀၀၀ အထိနဲ့ ၂၀၃၁ ခုနှစ်မှာ ဘတ်ငွေ ၂၃,၀၀၀ အထိ ရောက်ရှိသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ရန်ပုံငွေ ရေရှည်တည်တံ့အောင် မြှင့်တင်သွားနိုင်ဖို့အတွက် SSF အတွက် ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ်ကို ၅% အထိ ရရှိ လာအောင် ညှိနှိုင်းသွားမှာဖြစ်သလို SSF အတွက် အစိုးရရဲ့ထည့်ဝင်မှုကိုလည်း ၂.၇၅% ကနေ ၅% အထိ တိုးမြှင့်သွား ဖို့အတွက် အစိုးရကို တင်ပြထားကြောင်း မစ္စတာဖမ်းဖက်က ပြောပါတယ်။

 

လူမှုဖူလုံရေးရုံး (SSF) ကို အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရက ထောက်ပံ့ထားတာဖြစ်တဲ့အတွက် ရန်ပုံငွေအပေါ် အကျိုးသက်ရောက်မှုရှိမယ့် ဘယ်လိုပြောင်းလဲမှုမျိုးမှာမဆို အဓိကပါဝင်ပတ်သက်နေသူ (stakeholders) အားလုံး ဆီက ထည့်ဝင်မှုတွေပါဝင်ရမှာဖြစ်ကြောင်း မစ္စတာဖမ်းဖက်က ပြောပါတယ်။

 

လူမှုဖူလုံရေးရုံး (SSF) ဟာ ထိုင်းနိုင်ငံမှာ အစိုးရရန်ပုံငွေ အတောင့်တင်းဆုံး အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။

 

ရန်ပုံငွေ ဘတ်ငွေ ၂.၆၅ ထရီလီယန်ရှိတဲ့ ဒီအဖွဲ့ကြီးက အဖွဲ့ဝင်ပေါင်း ၂၄ သန်းကို လူမှုဖူလုံရေးဆိုင်ရာ ဘဏ္ဍာရေး ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

ဒါပေမဲ့ SSF ရုံးဟာ ရန်ပုံငွေတွေကို တလွဲစီမံခန့်ခွဲသုံးစွဲနေတယ်လို့ စွပ်စွဲထားတဲ့ အတိုက်အခံ ပြည်သူ့ပါတီရဲ့ စစ်ဆေး မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

 

Ref: Govt mulls retirement age increase

#PeopleMedia


Share this post