• Follow Us on
Latest News

Home အစိုးရဆန္႔က်င္သည့္အေၾကာင္းအရာမ်ားကို ဆင္ဆာမျဖတ္ပါက ႏိုင္ငံတြင္းေဖ့စ္ဘုတ္အသံုးျပဳခြင့္ပိတ္သိမ္း မည္ဟု ဗီယက္နမ္ၿခိမ္းေျခာက္

အစိုးရဆန္႔က်င္သည့္အေၾကာင္းအရာမ်ားကို ဆင္ဆာမျဖတ္ပါက ႏိုင္ငံတြင္းေဖ့စ္ဘုတ္အသံုးျပဳခြင့္ပိတ္သိမ္း မည္ဟု ဗီယက္နမ္ၿခိမ္းေျခာက္

Share this post

ဟႏြိဳင္း၊ ႏို၀င္ဘာ ၂၁

ေဖ့စ္ဘြတ္တြင္ ႏိုင္ငံေရးအေၾကာင္းေျပာဆိုမႈမ်ားကိုဆင္ဆာျဖတ္ရန္ အစိုးရဖိအားေပးမႈကို လက္မခံပါက ႏိုင္ငံတြင္းေဖ့စ္ဘုတ္အသံုးျပဳခြင့္ပိတ္သိမ္းမည္ဟု ေဖ့စ္ဘုတ္ကို ဗီယက္နမ္အစိုးရကၿခိမ္းေျခာက္သည္ဟု ေဖ့စ္ဘုတ္အႀကီးတန္းအရာ႐ွိႀကီးတေယာက္က ႐ိုက္တာကိုေျပာသည္။

ျပည္တြင္းအသံုးျပဳသူမ်ား၏အစိုးရဆန္႔က်င္အေရးအသားမ်ားကို ဆင္ဆာျဖတ္ေတာက္မႈႁမွင့္တင္ရန္ ဧၿပီလတြင္အစိုးရေတာင္းဆိုမႈကို ေဖ့စ္ဘုတ္ကလိုက္ေလ်ာခဲ့ေသာ္လည္း အေရးႀကီးေသာအေၾကာင္းအရာမ်ားႏွင့္ပတ္သက္၍ ဆင္ဆာျဖတ္မႈကိုႁမွင့္တင္ရန္ ၾသဂုတ္လတြင္ဗီယက္နမ္က ထပ္မံေတာင္းဆိုခဲ့သည္ဟုလည္းေျပာသည္။

အစိုးရၿခိမ္းေျခာက္မႈမ်ားတြင္ တႏွစ္လွ်င္၀င္ေငြေဒၚလာသန္း ၁၀၀၀ နီးပါးရေနေသာဗီယက္နမ္ႏိုင္ငံတြင္ ေဖ့စ္ဘုတ္ကုမၸဏီကို လံုး၀အသံုျပဳခြင့္ပိတ္ပင္ျခင္းမ်ားပါ၀င္ေၾကာင္းလည္းေျပာသည္။

အေၾကာင္းအရာမ်ားတင္ျခင္းမူဝါဒအေပၚ စည္းမ်ဥ္းသစ္မ်ားခ်မွတ္ျခင္းႏွင့္ဒဏ္ေငြခ်မွတ္ျခင္းမ်ားအပါအ၀င္ အစိုးရမ်ား၏ဖိအားကို ေဖ့စ္ဘုတ္ကုမၸဏီရင္ဆိုင္ေနရသည္။

သို႔ေသာ္ တ႐ုတ္ႏိုင္ငံကဲ့သို႔လံုး၀အသံုးျပဳခြင့္ပိတ္ထားေသာႏိုင္ငံမ်ားမွအပ အသံုးျပဳခြင့္ပိတ္ခံရျခင္းကို ေ႐ွာင္႐ွားထားႏိုင္သည္။

ဗီယက္နမ္တြင္ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္ လူမႈအေျပာင္းအလဲမ်ားကိုဖြင့္လွစ္မႈႁမွင့္တင္လာေသာ္လည္း အာဏာရကြန္ျမဴနစ္ပါတီက မီဒီယာကိုတင္းတင္းၾကပ္ၾကပ္ထိန္းခ်ဳပ္ထားၿပီး အတိုက္အခံမ်ားကို သည္းခံမႈမ႐ွိသေလာက္သာ႐ွိေနသည္။
နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႔၏သတင္းလြတ္လပ္ခြင့္အမ်ားဆံုးရ႐ွိေသာႏိုင္ငံမ်ားစာရင္းတြင္ ဗီယက္နမ္သည္ ေအာက္ဆံုးမွျပန္လည္ေရတြက္ပါက အဆင့္ ၅ တြင္႐ွိေနသည္။

Facebook အေနျဖင့္ ႏိုင္ငံ၏အက်ိဳးစီးပြားထိခိုက္ျခင္း၊ ဗီယက္နမ္တို႔၏ ဓေလ့ထုံးတမ္းမ်ားကို ခ်ိဳးေဖာက္သည့္ သတင္းအခ်က္အလက္မ်ားျဖန႔္ေဝျခင္းကိုတားဆီးသည့္ ႏိုင္ငံဥပေဒမ်ားကိုလိုက္နာသင့္ေၾကာင္း ဗီယက္နမ္နိုင္ငံျခားေရး၀န္ႀကီးဌာနက ႐ိုက္တာကိုမွတ္ခ်က္ျပဳသည္။

Ref : Exclusive Vietnam threatens to shut down Facebook over censorship requests – source

#PeopleMedia

(unicode)
အစိုးရဆန့်ကျင်သည့်အကြောင်းအရာများကို ဆင်ဆာမဖြတ်ပါက နိုင်ငံတွင်းဖေ့စ်ဘုတ်အသုံးပြုခွင့်ပိတ်သိမ်း မည်ဟု ဗီယက်နမ်ခြိမ်းခြောက်
……………………………………………………….

ဟနွိုင်း၊ နိုဝင်ဘာ ၂၁

ဖေ့စ်ဘွတ်တွင် နိုင်ငံရေးအကြောင်းပြောဆိုမှုများကိုဆင်ဆာဖြတ်ရန် အစိုးရဖိအားပေးမှုကို လက်မခံပါက နိုင်ငံတွင်းဖေ့စ်ဘုတ်အသုံးပြုခွင့်ပိတ်သိမ်းမည်ဟု ဖေ့စ်ဘုတ်ကို ဗီယက်နမ်အစိုးရကခြိမ်းခြောက်သည်ဟု ဖေ့စ်ဘုတ်အကြီးတန်းအရာရှိကြီးတယောက်က ရိုက်တာကိုပြောသည်။

ပြည်တွင်းအသုံးပြုသူများ၏အစိုးရဆန့်ကျင်အရေးအသားများကို ဆင်ဆာဖြတ်တောက်မှုမြှင့်တင်ရန် ဧပြီလတွင်အစိုးရတောင်းဆိုမှုကို ဖေ့စ်ဘုတ်ကလိုက်လျောခဲ့သော်လည်း အရေးကြီးသောအကြောင်းအရာများနှင့်ပတ်သက်၍ ဆင်ဆာဖြတ်မှုကိုမြှင့်တင်ရန် သြဂုတ်လတွင်ဗီယက်နမ်က ထပ်မံတောင်းဆိုခဲ့သည်ဟုလည်းပြောသည်။

အစိုးရခြိမ်းခြောက်မှုများတွင် တနှစ်လျှင်ဝင်ငွေဒေါ်လာသန်း ၁၀၀၀ နီးပါးရနေသောဗီယက်နမ်နိုင်ငံတွင် ဖေ့စ်ဘုတ်ကုမ္ပဏီကို လုံးဝအသုံပြုခွင့်ပိတ်ပင်ခြင်းများပါဝင်ကြောင်းလည်းပြောသည်။

အကြောင်းအရာများတင်ခြင်းမူဝါဒအပေါ် စည်းမျဉ်းသစ်များချမှတ်ခြင်းနှင့်ဒဏ်ငွေချမှတ်ခြင်းများအပါအဝင် အစိုးရများ၏ဖိအားကို ဖေ့စ်ဘုတ်ကုမ္ပဏီရင်ဆိုင်နေရသည်။

သို့သော် တရုတ်နိုင်ငံကဲ့သို့လုံးဝအသုံးပြုခွင့်ပိတ်ထားသောနိုင်ငံများမှအပ အသုံးပြုခွင့်ပိတ်ခံရခြင်းကို ရှောင်ရှားထားနိုင်သည်။

ဗီယက်နမ်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် လူမှုအပြောင်းအလဲများကိုဖွင့်လှစ်မှုမြှင့်တင်လာသော်လည်း အာဏာရကွန်မြူနစ်ပါတီက မီဒီယာကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီး အတိုက်အခံများကို သည်းခံမှုမရှိသလောက်သာရှိနေသည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏သတင်းလွတ်လပ်ခွင့်အများဆုံးရရှိသောနိုင်ငံများစာရင်းတွင် ဗီယက်နမ်သည် အောက်ဆုံးမှပြန်လည်ရေတွက်ပါက အဆင့် ၅ တွင်ရှိနေသည်။

Facebook အနေဖြင့် နိုင်ငံ၏အကျိုးစီးပွားထိခိုက်ခြင်း၊ ဗီယက်နမ်တို့၏ ဓလေ့ထုံးတမ်းများကို ချိုးဖောက်သည့် သတင်းအချက်အလက်များဖြန့်ဝေခြင်းကိုတားဆီးသည့် နိုင်ငံဥပဒေများကိုလိုက်နာသင့်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာကိုမှတ်ချက်ပြုသည်။

Ref : Exclusive Vietnam threatens to shut down Facebook over censorship requests – source

#PeopleMedia


Share this post