• Follow Us on
Latest News

Home အစိုးရရဲ့ ဘတ်ငွေ ၁၀၀၀၀ တန် ဒစ်ဂျစ်တယ်လ်ငွေကြေးစနစ်ကိုအကောင်အထည်ဖော်ဖို့အတွက် ချေးငွေ အပေါ်မှီခိုအားထားမှုနဲ့ပတ်သက်ပြီး ဆရက်ထာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ

အစိုးရရဲ့ ဘတ်ငွေ ၁၀၀၀၀ တန် ဒစ်ဂျစ်တယ်လ်ငွေကြေးစနစ်ကိုအကောင်အထည်ဖော်ဖို့အတွက် ချေးငွေ အပေါ်မှီခိုအားထားမှုနဲ့ပတ်သက်ပြီး ဆရက်ထာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃

 

ဖီယူထိုင်းပါတီရဲ့ ဘတ်ငွေ ၁၀၀၀၀ တန် ဒစ်ဂျစ်တယ်လ်ငွေကြေးစနစ် (အွန်လိုင်းငွေကြေးအပလီကေးရှင်း) နဲ့ ပတ်သက်ပြီး ထောက်ပံ့မယ့်အစီအစဉ်အတွက် ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို ပြင်းပြင်းထန်ထန်ဝေ ဖန်နေကြပါတယ်။

 

တောင်ဝင်ဘုရင့်ရုံးရဲ့ခွင့်ပြုချက်အရ အဲဒီအစီအစဉ်ကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြီး ခဲ့တဲ့သီတင်းပတ်မှာ ဆရက်ထာက ကြေညာခဲ့ပါတယ်။

 

ဖီယူထိုင်းပါတီရဲ့ အဲဒီအွန်လိုင်းငွေကြေးအပလီကေးရှင်းစနစ်ဟာ လစဉ်ဝင်ငွေ ဘတ်ငွေ ၇၀၀၀၀ အောက်ရရှိ ပြီး ဘဏ်အကောင့်ထဲမှာ ဘတ်ငွေ ၅၀၀၀၀၀ အောက်သာရှိတဲ့ အသက် ၁၆ နဲ့အထက် ထိုင်းနိုင်ငံသားတွေကို ထောက်ပံ့သွားမယ့် အစီအစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ပြည်သူတွေကိုကူညီဖို့အတွက် စီးပွားရေးအားပေးလှုံ့ဆော်တယ်ဆိုတာကို ကျွန်မလက်ခံပါတယ်။ ဒါပေမဲ့ အဲဒီ ကိစ္စကို မလုပ်ဘူးလို့ ဝန်ကြီးချုပ်ရဲ့ကနဦးအာမခံချက်ရှိနေပေမဲ့လည်း ဒီအစီအစဉ်အတွက် ငွေချေးပြီး လုပ် ဆောင်မယ်ဆိုတာက ထိုင်းပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်တဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေပါ တယ်။ အထူးသဖြင့် အကြွေးပမာဏများများစားစား ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။” လို့ အတိုက်အခံပါတီ တစ်ခုဖြစ်တဲ့ ထိုင်းစန်ထိုင်းပါတီခေါင်းဆောင် ခန်ယောင်းဆူဒါရတ်ခီယူရာဖန်းက X မှာ ပြောပါတယ်။

 

“အခြေခံပြောင်းလဲမှုထဲက ဘာရလဒ်မှထွက်မလာဘဲ အစိုးရက လျှပ်စစ်ဓာတ်အားခတွေ၊ ရထားခတွေလျှော့ ချသလိုမျိုး အကြွေးယူတယ်ဆိုတာ စီမံခန့်ခွဲမှုစွမ်းရည်မလိုအပ်ဘဲ လူတိုင်းယူနိုင်ပါတယ်။” လို့ ၎င်းက ပြော ပါတယ်။

 

သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့နိုင်ငံသားတွေကို ဘတ်ငွေ ၁၀၀၀၀ ထုတ်ပေးမယ့် အွန်လိုင်းငွေကြေးအပလီကေး ရှင်းစနစ်ထောက်ပံ့ပေးမှာဖြစ်ကြောင်း၊ အဲဒီအတွက် ဘတ်ဂျက်ငွေ ၅၆၀ ဘီလျံကနေ ဘီလျံ ၆၀၀ အထိ တိုးမြင့် သွားပြီဖြစ်ကြောင်း၊ အဲဒီလိုအပ်ငွေချေးယူရရှိဖို့ လွှတ်တော်ရဲ့ထောက်ခံချက်လိုအပ်တဲ့အတွက် ဥပဒေပြဋ္ဌာန်းရ မှာဖြစ်ကြောင်း သောကြာနေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့) က ဆရက်ထာက ပြောပါတယ်။

 

ဒီအစီအစဉ်ဟာ အစိုးရရဲ့ရွေးကောက်ပွဲအကြိုကာလ ကတိကဝတ် အထူးသဖြင့် ဒီအစီအစဉ်အတွက် ဘယ်လို ချေးငွေကိုမှ ထုတ်ယူမှာမဟုတ်ဘူးလို့ ပေးခဲ့တဲ့ ကတိကနေ လမ်းကြောင်းလွဲသွားပြီဖြစ်ကြောင်း ကုန်သွယ်ရေး ဝန်ကြီးဟောင်း ဂျူရင်လက်ဆာနာဝီဆစ်က ပြောပါတယ်။

 

“(ဒီကိစ္စအတွက်) ပိုက်ဆံချေးယူပြီး မလုပါဘူးလို့ ဝန်ကြီးချုပ်က အကြိမ်ကြိမ်ကတိပေးခဲ့တယ်။ ဒါပေမဲ့ ဥပဒေ တစ်ရပ်ပြဋ္ဌာန်းပြီး ငွေချေးယူဖို့ လုပ်နေတယ်။ ဒါဟာ ပေးပြီးသားကတိကိုဖောက်ဖျက်ပြီး ဒုံရင်းအခြေအနေကို ပြန်ရောက်သွားတာပါပဲ။” လို့ ဂျူရင်က ပြောပါတယ်။

 

အခုလုပ်ဆောင်မှုဟာ အစိုးရအပေါ်ပြည်သူရဲ့ယုံကြည်မှုကိုထိပါးစေကြောင်း၊ နောက်ထပ် အစိုးရဘာပြောပြော ပြည်သူက ယုံကြည်တော့မှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဘတ်ငွေ ၁၀၀၀၀ ထုတ်ပေးမယ့် အွန်လိုင်းငွေကြေးအပလီကေးရှင်းစနစ်ဟာ ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ကို ချိုးဖောက်မှုမရှိဘဲ လာမယ့်လေးနှစ်အတွင်း GDP ၅% တိုးတက်လာစေမှာဖြစ်ကြောင်း ဆရက်ထာက ပြော ပါတယ်။

 

ဒီအစီအစဉ်ဟာ လက်ရှိအချိန်မှာ GDP ရဲ့ ၉၁% ရှိနေတဲ့ ထိုင်းပြည်သူတွေရဲ့ အကြွေးကိုလည်း လျှော့ချပေး သွားနိုင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Critics slam Srettha for relying on loans to fund 10,000-baht giveaway promise

 

#PeopleMedia


Share this post