• Follow Us on
Latest News

Home အစိုးရဝန်ထမ်းတွေ လစာတိုးမြှင့်မှု SME လုပ်ငန်းတွေအပေါ် ဂယက်ရိုက်မှုရှိ

အစိုးရဝန်ထမ်းတွေ လစာတိုးမြှင့်မှု SME လုပ်ငန်းတွေအပေါ် ဂယက်ရိုက်မှုရှိ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉

 

အစိုးရဝန်ထမ်းတွေလစာ ၁၀% တိုးမြှင့်ဖို့ အစိုးရက ဆုံးဖြတ်ချက်ချလိုက်တာကြောင့် ပြင်ပစီးပွားရေးလုပ်ငန်း တွေအနေနဲ့ အရည်အချင်းရှိ ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ရေးအတွက် လစာတိုးမြှင့်ဖို့ စဉ်းစားနေရဖွယ်ရှိ ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းဥက္က ဆာနန်အန်ဂူဘိုလ်ကူလ်က ပြောကြားလိုက်ပါတယ်။

 

အစိုးရဝန်ထမ်းသစ်တွေအနေနဲ့ ပထမဦးဆုံးနှစ်မှာ တစ်လကို ဘတ်ငွေ ၁၆၅၀၀ ရရှိမှာဖြစ်ပြီး ဒုတိယနှစ်မှာ တော့ လစာဘတ်ငွေ ၁၈၀၀၀ ရရှိမှာဖြစ်ပါတယ်။

 

“အစိုးရဝန်ထမ်းတွေကို လစာ ဘတ်ငွေ ၁၈၀၀၀ အထိ တိုးမြှင့်ပေးစလိုက်တာဟာ SME (အသေးစား/အလတ် စားလုပ်ငန်းတွေ) လုပ်ငန်းတွေအတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေအနေ နဲ့ လက်ရှိလစာ ဘတ်ငွေ ၁၈၀၀၀ အောက်နဲ့ အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေရဲ့ လစာတွေကို ပြန်လည်ညှိနှိုင်း ပေးရတော့မှာဖြစ်တယ်။ ဒီပြဿနာဟာ အလုပ်ရှင်တွေအတွက် ဘဏ္ဍာရေးဆိုင်ရာဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာ မှာဖြစ်ပါတယ်။” လို့ ဆာနန်အန်ဂူဘိုလ်ကူလ်က ပြောပါတယ်။

 

တစ်လကို ဘတ်ငွေ ၁၅၀၀၀ စတင်ရရှိတဲ့ ဘွဲ့ရတွေအလုပ်လုပ်ကိုင်နေကြတဲ့ ပုဂ္ဂလိကကျောင်းတွေနဲ့ တက္က သိုလ်တွေအနေနဲ့ ပြုပြင်ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်မှာဖြစ်တယ်လို့ မစ္စတာဆာနန်က ပြောပါတယ်။

 

ဒီပြဿနာဟာ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလည်း ထိခိုက်စေမှာဖြစ်ပေမဲ့ လုပ်သားငှားရမ်းခတွေဟာ အမျိုးမျိုး ကွဲပြားခြားနားတာမို့လို့ ကုမ္ပဏီအသီးသီးနဲ့ လုပ်ငန်းကဏ္ဍအသီးသီးအတွက် အသေးစိတ်ဆန်းစစ်လေ့လာမှု တွေပြုလုပ်ဖို့ လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ဝန်ထမ်းသစ်တွေအတွက် လစာတိုးပေးမယ့်အစိုးရအစီအစဉ်ဟာ ပုဂ္ဂလိကလုပ်ငန်းတွေအတွက် ချက်ချင်း အ ရေးယူဆောင်ရွက်ရမယ့် နောက်ဆက်တွဲဂယက်ကို ဖြစ်ပေါ်စေမှာဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေဟာ အရည် အချင်းရှိတဲ့ဝန်ထမ်းတွေလိုချင်ရင် လစာညှိနှိုင်းပေးရတော့မယ်။ ပြင်ပလုပ်ငန်းတွေဟာ အနာဂတ်မှာကုန်ထုတ် လုပ်မှုတိုးတက်ဖို့နဲ့ စွမ်းရည်မြှင့်တင်ဖို့အတွက် နည်းလမ်းတွေကို ရှာဖွေရတော့မှာဖြစ်တယ်။” လို့ မစ္စတာဆာနန် က ပြောပါတယ်။

 

လစာတိုးမြှင့်တာဟာ အစိုးရဝန်ထမ်းသစ်တွေအတွက်သာ အကျုံးဝင်တာကြောင့် ငွေကြေးဖောင်းပွမှုနှုန်းနဲ့ပတ် သက်ပြီး နည်းပါးဖွယ်ရာရှိတယ်လို့ ခန့်မှန်းထားကြောင်း ၎င်းက ပြောပါတယ်။

 

အစိုးရကဏ္ဍမှာ လစာတိုးမြှင့်တာဟာ တရားဝင်ဝယ်လိုအားကို မြှင့်တင်ပေးသွားမှာဖြစ်ပေမဲ့ သုံးပွင့်ဆိုင်အမျိုး သားကော်မတီက ဆုံးဖြတ်ထားတဲ့ အနိမ့်ဆုံးတစ်ရက် လုပ်ခသတ်မှတ်ချက်အပေါ် ထိခိုက်မှုမရှိသင့်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ (FTI) က ပြောပါတယ်။

 

“အစိုးရအရာရှိအများအပြားဟာ လစာနည်းဝန်ထမ်းတွေဖြစ်နေတဲ့အတွက် အခုလို လစာတိုးမြှင့်ပေးဖို့ အစိုးရအ ဖွဲ့က ခွင့်ပြုလိုက်တာဟာ ကောင်းမွန်တဲ့အလုပ်ပါ။ ရေရှည်အတွက် အစိုးရအနေနဲ့ ဘတ်ဂျက်မြှင့်တင်ရေး အ တွက် အစိုးရဝင်ငွေတိုးမြှင့်ရှာဖွေဖို့ နည်းလမ်းတွေ ရှာဖွေရမှာဖြစ်ပါတယ်။” လု့ိ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ (FTI) ဥက္ကဋ္ဌ ကရင်ကရိုင်ထီယန်နူကူလ်က ပြောပါတယ်။

 

ဝန်ထမ်းလစာတိုးတာဟာ အနိမ့်ဆုံးတစ်ရက်လုပ်ခသတ်မှတ်ချက်နဲ့ ဆက်စပ်မှုမရှိဘူးလို့လည်း ၎င်းက ပြောပါတယ်။

 

“အနိမ့်ဆုံးတစ်ရက်လုပ်ခသတ်မှတ်ချက်ကို သုံးပွင့်ဆိုင်လုပ်ခသတ်မှတ်ရေးကော်မတီက ဆုံးဖြတ်သွားမှာဖြစ် ပါတယ်။ အစိုးရအဖွဲ့က ဆုံးဖြတ်တာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

သုံးပွင့်ဆိုင်လုပ်ခသတ်မှတ်ရေးကော်မတီကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။

 

Ref: State salary hike to put pressure on SMEs

 

#PeopleMedia


Share this post