• Follow Us on
Latest News

Home အစိုးရဝယ်ယူနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်ပြီး ယူကရိန်း ကုမ္ပဏီတွေက ဒရုန်းတွေ အများအပြား ထုတ်လုပ်နေ

အစိုးရဝယ်ယူနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်ပြီး ယူကရိန်း ကုမ္ပဏီတွေက ဒရုန်းတွေ အများအပြား ထုတ်လုပ်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂

 

ယူကရိန်းနိုင်ငံကဒရုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ အစိုးရဘတ်ဂျက်ဝယ်နိုင်တဲ့အတိုင်းအတာထက် ဒရုန်းတွေ အများအပြား ကျော်လွန်ထုတ်လုပ်နေကြောင်း ယူကရိန်းနည်းပညာဝန်ကြီးက အင်္ဂါနေ့က ပြောကြားလိုက်ပါ တယ်။

 

ပြည်တွင်းကုမ္ပဏီတွေကထုတ်လုပ်တဲ့ ဒရုန်းတွေဝယ်ယူဖို့အတွက် ယူကရိန်းအစိုးရက ၂၀၂၃ ခုနှစ်ဘတ်ဂျက် ကို ဒေါ်လာ ၁.၁၄ ဘီလျံ ခွင့်ပြုပေးခဲ့ရာ အဲဒီပမာဏဟာ ၂၀၂၂ ခုနှစ်ဘတ်ဂျက်ထက် ဆယ်ဆများပြားတယ်လို့ ဆိုပါတယ်။

 

ဒစ်ဂျစ်တယ်လ်မီဒီယာတွေကို ထိန်းချုပ်ကိုင်တွယ်ထားတဲ့ ဒုတိယဝန်ကြီးချုပ်တစ်ဦးဖြစ်သူ မစ်ခိုင်လိုဖက်ဒိုရော့ က စစ်ပွဲအစပိုင်းမှာကတည်းက ရုရှားတွေကို ခုခံတိုက်ခိုက်ရာမှာ ဒရုန်းတွေကို အသုံးပြုဖို့ ရည်တည်ခဲ့သူဖြစ် ပါတယ်။

 

“ဒီကနေ့အချိန်အထိ မောင်းသူမဲ့လေယာဉ်ထုတ်လုပ်တဲ့ဈေးကွက်ဟာ ကျွန်တော်တို့ ဝယ်နိုင်တဲ့ငွေကြေးပမာဏ ထက်ပိုမိုများပြားတဲ့ ဒရုန်းတွေကို အလွန်လျင်မြန်စွာ အရှိန်မြှင့်ထုတ်လုပ်ခဲ့ပါတယ်။” လို့ ဖက်ဒိုရော့က ယူက ရန်းအမျိုးသားရုပ်သံဌာနကို ပြောပါတယ်။

 

“ဒါ့ကြောင့်မို့လို့ ပြည်တွင်းမှာ ဈေးကွက်တွေအပြိုင်အဆိုင်ဖြစ်လာရင် ဈေးနှုန်းကျဆင်းလာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာရေးတိုးမြှင့်ရှာဖွေဖို့လိုသလို ဈေးကွက်ကို ထပ်မံချဲ့ထွင်ပေးဖို့လည်း လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၂၂ လ ကြာမြင့်ခဲ့တဲ့စစ်ပွဲအတွင်းမှာ ယူကရိန်းရော ရုရှားဘက်ကပါ မောင်းသူမဲ့လေယာဉ်တွေကို ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုခဲ့ကြပါတယ်။

 

နှစ်ဖက်တပ်တွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေလို၊ ခေတ်မီရေဒါတွေလို တန်ဖိုးရှိတဲ့ ဒရုန်းတွေ ကို အသုံးပြုပြီး စစ်မြေပြင်မှာ တသမတ်တည်းစောင့်ကြည့်နိုင်သလို ရန်သူ့ပစ်မှတ်တွေကိုလည်း အကြိမ်ပေါင်း များစွာ သွားရောက်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။

 

ရေပြင်နဲ့ မြေပြင် အခြေပြုလက်နက်စနစ်တွေကို အသုံးပြုနေပေမဲ့လည်း ဒရုန်းတွေဟာ ဝေဟင်မှာ အများဆုံးအ သုံးပြုတဲ့ မောင်းသူမဲ့လေယာဉ်တွေဖြစ်ပါတယ်။

 

ယူကရိန်းနိုင်ငံမှာ လက်ရှိ ဒရုန်းထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀၀ ဝန်းကျင်ရှိပြီး အဲဒီအထဲက ခန့်မှန်းကုမ္ပဏီ ၇၀ ဝန်းကျင်လောက်ဟာ ယူကရိန်းအစိုးရကို ဒရုန်းတွေ ထောက်ပံ့ပေးဖို့ ကန်ထရိုက်စာချုပ်လက်မှတ်ရေးထိုးထား တဲ့ ကုမ္ပဏီတွေဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

 

Ref: Ukraine producing more drones than state can purchase, minister says

 

#PeopleMedia


Share this post