အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့အရေး ပြည်ပရောက်သက်ဆင်နဲ့ Progressive Movement ပါတီခေါင်းဆောင်ကြား သဘောတူညီမှုတစ်ရပ်ရရှိခဲ့တယ်လို့ဆို
PUBLISHED - July 28, 2023
နိုင်ငံတကာ၊ ဇူလိုင် ၂၈
ပြည်ပနိုင်ငံကိုရောက်ရှိနေတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိမ လာခင် သက်ဆင်နဲ့ Progressive Movement ပါတီ ခေါင်းဆောင် သာနာထုန်ဂျန်ဂရူးဂရောင်းကစ်တို့ကြား ဟောင်ကောင်မှာ နိုင်ငံရေးသဘောတူညီမှုတစ်ရပ်ရရှိခဲ့ကြောင်း ဖီယူထိုင်းပါတီက သတင်းရင်းမြစ်တစ်ဦးက ပြောကြားလိုက်ပါတယ်။
မစ္စတာသာနာထုန်ဟာ တနင်္လာနေ့ (ဇူလိုင်လ ၂၄ ရက်နေ့) က ဟောင်ကောင်ကို လေယာဉ်နဲ့ထွက်ခွာသွားပြီး နောက်နေ့မှာ ထိုင်းနိုင်ငံကိုပြန်လည်ရောက်ရှိလာကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
“အစိုးရအသစ်အဖွ့ဲကနေ Move Forward ပါတီကို ထုတ်ပစ်နိုင်တဲ့အခြေအနေကို သူတို့ ဆွေးနွေးခဲ့ကြပါ တယ်။” လို့ သတင်းရင်းမြစ်က ပြောပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
ပါတီတိုးချဲ့ဖို့ ချေးငွေချေးယူရာမှာ ဥပဒေနဲ့မညီဘူးဆိုပြီး မစ္စတာသာနာထုန် ဦးစီးတည်ထောင်ခဲ့တဲ့ Future Forward ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပယ်ဖျက်လိုက်ပြီးနောက်မှာ Progressive Movement ပါတီထွက်ပေါ်လာတာဖြစ်ပါတယ်။
Move Forward ပါတီအနေနဲ့ အစိုးရသစ်ဖွဲ့စည်းရေးအတွက် သက်ဆင်နဲ့ ဆွေးနွေးဖို့ ဟောင်ကောင်ကိုသွား ရောက်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကို ပါတီအထွေထွေအတွင်းရေးမှူး ချိုင်သာဝတ် တူ လာထုတ်က ငြင်းပယ်လိုက်ပြီးနောက်မှာ ဖီယူထိုင်းပါတီဘက်က ထုတ်ဖော်ပြောကြားချက်ထွက်ပေါ်လာတာဖြစ် ပါတယ်။
Move Forward ပါတီက သက်ဆင်နဲ့ သွားရောက်တွေ့ဆုံဖို့ အစီအစဉ်ရှိပါသလားလို့မေးတဲ့အခါ အစိုးရသစ်ဖွဲ့ စည်းရေးနဲ့ပတ်သက်ပြီး ရှစ်ပါတီညွန့်ပေါင်းအဖွဲ့အတွင်းမှာပဲ ဆွေးနွေးသွားမှာဖြစ်ကြောင်း မစ္စတာချိုင်သာဝတ် က ပြောပါတယ်။
မစ္စတာသာနာထုန်ဟာ တနင်္လာနေ့က ဟောင်ကောင်ကို လေယာဉ်ခရီးစဉ် CX700 နဲ့ ထွက်ခွာသွားပြီး အင်္ဂါနေ့ မှာ ထိုင်းနိုင်ငံကို လေယာဉ်ခရီးစဉ် HX773 နဲ့ ပြန်လည်ထွက်ခွာလာကြောင်း သတင်းရင်းမြစ်တွေက ပြောပါ တယ်။
တပြိုင်တည်းမှာပဲ အနှိပ်ခန်းသူဋ္ဌေးကြီးဘဝကနေ နိုင်ငံရေးသမားဖြစ်လာသူ ချူဗစ်ကာမိုလ်ဗီဆစ်က ကြာသပ တေးနေ့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့ရာ ဖီယူထိုင်းပါတီဟာ Move Forward ပါတီမပါဘဲ လွှတ် တော်အမတ် ၂၇၉ ဦးနဲ့အတူ အစိုးရသစ်ဖွဲ့စည်းဖို့အတွက် ဖုန်ဂျိုင်ထိုင်းပါတီ၊ ပါလန်ပရာချာရတ်ပါတီတို့နဲ့ သ ဘောတူညီမှုရခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။
အဲဒီပါတီတွေက ခေါင်းဆောင်တွေဟာ ဟောင်ကောင်မှာရှိတဲ့သက်ဆင်နဲ့ အင်္ဂါနေ့က သွားရောက်တွေ့ဆုံပြီး သ ဘောတူညီမှုရယူခဲ့ကြောင်း မစ္စတာ ချူဗစ်က ပြောပါတယ်။
“ညွန့်ပေါင်းအသစ်ဖွဲ့စည်းတဲ့အနေနဲ့ Move Forward ပါတီ၊ United Thai Nation ပါတီနဲ့ Democrat ပါတီတို့ ဟာ အတိုက်အခံအဖွဲ့ကို ဖွဲ့စည်းပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာ Move Forward ပါတီ မပါတော့တဲ့အတွက် အဲဒီညွန့်ပေါင်းအဖွဲ့က တင်လာမယ့် ဝန်ကြီးချုပ်လောင်းဟာ အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲကိုရနိုင်ကြောင်း မစ္စတာ ချူဗစ်က ပြောပါတယ်။
“ဖုန်ဂျိုင်ထိုင်းပါတီက ညွန့်ပေါင်းအဖွဲ့သစ်ထဲကို တခြားပါတီတွေကို ဖိတ်ကြားပါလိမ့်မယ်။ ဖီယူထိုင်းပါတီအနေနဲ့ Move Forward ပါတီနဲ့ ဆက်မနေချင်တော့ပါဘူးလို့ ပြောလို့မရဘူး။ ဒါ့ကြောင့် အဲဒီအလုပ်ကို ဖုန်ဂျိုင်ထိုင်းပါ တီက လုပ်သွားလိမ့်မယ်။” လို့ မစ္စတာချူဗစ်က ပြောပါတယ်။
“ဖီယူထိုင်းပါတီက ချိုင်ကာဆမ်နီတီဆီရီကို အမည်စာရင်းတင်သွင်းလိမ့်မယ်။ ဒါပေမဲ့ သူဟာထောက်ခံမဲလုံလုံ လောက်လောက်မရနိုင်ဘူး။ အဲဒါဆိုရင် ဖုန်ဂျိုင်ထိုင်းပါတီက အစိုးရသစ်ဖွဲ့စည်းဖို့ တာဝန်ယူသွားလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။
ပါလန်ပရာချာရတ်ပါတီခေါင်းဆောင် ပရာဝတ်ဝေါင်ဆူဝန် ဖီယူထိုင်းပါတီက သက်ဆင်သမီး ပဲထောင်တန်ရှင် နာဝပ်ထရာကို ၎င်းရဲ့သြဇာအာဏာကိုသုံးပြီး အစွမ်းကုန်ထောက်ခံသွားမှာဖြစ်ကြောင်း တခြားသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ဖီယူထိုင်းပါတီက ပဲထောင်တန်ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့မယ်ဆိုရင် ဗိုလ်ချုပ်ကြီးပရာဝတ် နဲ့ နီးစပ်တဲ့ အထက်လွှတ်တော်အမတ်တွေဟာ ၎င်းကိုထောက်ခံမဲပေးနိုင်ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
Ref: ‘Deal struck on next govt’
#PeopleMedia