အစိုးရသစ်အဖွဲ့ဝင်အမည်စာရင်း အပြီးသတ်ရွေးချယ်ပြီးဖြစ်၍ အစိုးရအဖွဲ့ အတွင်းရေးမှူးရုံးကို ဆက်လက် တင်ပြမည်

PUBLISHED - August 29, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၉
အစိုးရသစ်အဖွဲ့ဝင်တွေရဲ့လျာထားအမည်စာရင်းကို အပြီးသတ်ရွေးချယ်ပြီးဖြစ်ပြီး စစ်ဆေးဖို့အတွက် အစိုးရအဖွဲ့ အတွင်းရေးမှူးရုံး ကို တနင်္လာနေ့ညနေပိုင်းမှာ လွှဲပြောင်းပေးမှာဖြစ်ကြောင်း ဝန်ကြီးချုပ်သစ်ဆရက်သာသာဗီ ဆင်က ပြောကြားလိုက်ပါတယ်။
ဆရက်သာကိုလာရောက်တွေ့ဆုံနှုတ်ဆက်တဲ့ ကြံတောင်သူကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံပြီးနောက် တနင်္လာနေ့မနက်ပိုင်းမှာ ဝန်ကြီးချုပ်ဆရက်သာဟာ ဖီယူထိုင်းပါတီဌာနချုပ်ရုံးမှာ သတင်းထောက်တွေကို တွေ့ ဆုံစကားပြောကြားခဲ့ပါတယ်။
အစိုးရသစ်အဖွဲ့ဝင်တွေရဲ့လျာထားအမည်စာရင်းရွေးချယ်မှုအတွက် ညွန့်ပေါင်းပါတီ ၁၁ ပါတီ ဆွေးနွေးခဲ့ကြပြီး တနင်္ဂနွေနေ့ညပိုင်းမှာ အပြီးသတ်ဆုံးဖြတ်ခဲ့ကြကြောင်း ဆရက်သာက ပြောပါတယ်။
“ဒီနေ့ လျာထားအစိုးရအဖွဲ့ဝင်တွေရဲ့ အရည်အချင်းတွေကို စစ်ဆေးဖို့အတွက် အစိုးရအဖွဲ့အထွေထွေအတွင်း ရေးမှူးက ကျွန်တော်နဲ့တွေ့ဆုံပါလိမ့်မယ်။” လို့ ဆရက်သာက ပြောပါတယ်။
“ကျေးဇူးပြုပြီး ခဏလေးစောင့်ပေးကြပါ။ အစိုးရအနေနဲ့ နောက်လလယ်လောက်မှာ အစိုးရအဖွဲ့မူဝါဒကို လွှတ် တော်ကို တင်ပြနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲဒီလုပ်ငန်းပြီးစီးဖို့အတွက် ကျွန်တော်တတ်စွမ်း သမျှ အကောင်းဆုံးဆောင်ရွက်သွားပါ့မယ်။ ဖီယူထိုင်းပါတီအနေနဲ့ အားလုံးပြင်ဆင်ပြီးပါပြီ။” လို့ ၎င်းက ပြောပါ တယ်။
ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ဖီယူထိုင်းပါတီက လွှတ်တော်အမတ် ဆုတင်ကလန်ဆန်းကို ခန့်အပ် မှာလား၊ အမျိုးသားလုံခြုံရေးကောင်စီအထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး နတ်တပိုလ်နတ်ဖာနစ်ဆရက်သာ ကိုပဲ ရွေးချယ်မလားဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ “ကျေးဇူးပြုပြီး အစိုးရအဖွဲ့ဝင်အမည်စာရင်း တရား ဝင် ကြေညာတဲ့အထိ စောင့်ဆိုင်းပေးပါ။” လို့ ၎င်းက ပြန်လည်ဖြေကြားပါတယ်။
ဗိုလ်ချုပ်ကြီး နတ်တပိုလ်ကို ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့က မထောက်ခံဘူးဆိုတာကို လူမှုကွန်ရက်ပေါ်မှာ ဖတ် ရှုရကြောင်း ဆရက်သာက ပြောပေမဲ့ ၎င်းအနေနဲ့ အသေးစိတ်မသိရဘူးလို့ ဆိုပါတယ်။
“ဘာပဲဖြစ်ဖြစ် ကာကွယ်ရေးဝန်ကြီးအမည်စာရင်းဟာ စိတ်ပျက်စရာဖြစ်မှာ မဟုတ်ပါဘူး။” လို့ ၎င်းကပြောပါ တယ်။
ကာကွယ်ရေးဝန်ကြီးဟာ ပြည်သူရော တပ်မတော်ကပါ လက်ခံနိုင်တဲ့သူဖြစ်လာမလားလို့ မေးမြန်းတဲ့အခါမှာ “ကျေးဇူးပြုပြီး အဲဒီပုဂ္ဂိုလ်ရဲ့လုပ်ရည်ကိုင်ရည်နဲ့ ခေါင်းဆောင်မှုကို ထည့်သွင်းစဉ်းစားပါ။ ညွန့်ပေါင်းအဖွဲ့ လွှတ် တော်အမတ်တွေက အမည်စာရင်းပေးထားတဲ့အစိုးရအဖွဲ့ဝင်ဘယ်သူမဆို အတိုင်းအတာတစ်ခုအထိ ပြည်သူ့ အကျိုးကို အပြည့်အဝတာဝန်ထမ်းဆောင်နိုင်စွမ်းရှိသူတွေဖြစ်မှာပါ။” လို့ ဆရက်သာက ပြောပါတယ်။
အစိုးရသစ်အနေနဲ့ ထိုင်းတပ်မတော်ကို ပြင်ဆင်မယ်ဆိုတဲ့ Forward Party ပါတီခေါင်းဆောင်ပါတီလင်းဂျားရင်း နတ်စကားနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ “ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့အစား အတူတကွပူးတွဲတည်ဆောက် တယ်ဆိုတဲ့စကားလုံးအသုံးအနှုန်းကို ကျွန်တော်ပိုနှစ်သက်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အစိုးရအဖွဲ့အမည်စာရင်းကို ထိုင်းဘုရင်မင်းမြတ်ထံ ဘယ်အချိန်တင်ပြမယ်ဆိုတာ မသိသေးကြောင်း၊ ရက်အ နည်းငယ်အချိန်ယူရလိမ့်ဦးမှာဖြစ်ကြောင်း ဆရက်သာက ပြောပါတယ်။
Ref: Thailand’s new Cabinet should be up and running by mid-September, says new PM Srettha
#PeopleMedia