အစိုးရအစီအစဉ်ဖြင့် အစ္စရေးနိုင်ငံရောက် မြန်မာ ၃ ဦး မြန်မာနိုင်ငံသို့ ဒုတိယအသုတ်အဖြစ် ထပ်မံရောက်ရှိ
PUBLISHED - November 2, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂
အစ္စရေးနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာန နိုင်ငံသားများအား ကယ်ထုတ်ရေးစီမံချက်အရ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ယမန်နေ့တွင် ဒုတိယအသုတ် အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အောက်တိုဘာ (၃၁) ရက်တွင် တဲလ်အဗီးမှ လေ ကြောင်းခရီးစဉ် LY083(ELAL) ဖြင့် ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် ယမန်နေ့ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းအမှတ် 8M334 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ပထမအသုတ်တွင် (၄) ဦး ပြန်လည်ရောက်ရှိခဲ့ပြီး ယနေ့ ဒုတိယအသုတ်တွင် (၃) ဦး ပြန်လည် ရောက်ရှိကြရာ စုစုပေါင်း (၇) ခုနစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။
#PeopleMedia