• Follow Us on

Home အစိုးရအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ အနာဂတ်၊ ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

အစိုးရအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ အနာဂတ်၊ ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်း သဘင်အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန – ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်း သား ပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည် ဆောက်ရေးတွင် နိုင်ငံသူနိုင်ငံ သားများ၏ ပညာနှင့် တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မား ရန် အထူးအရေးကြီးလှကြောင်း၊ အထူးသဖြင့် မိမိ တို့နိုင်ငံ၏ လူဦးရေအများဆုံး နေထိုင်သည့် ကျေးလက်ဒေသများတွင် ပညာရေးအားနည်းခဲ့ကြောင်း၊ ပညာရေး အားနည်းချက်နှင့်အတူ တွေးခေါ်မြော်မြင်မှုတွင် လိုအပ်ချက်များရှိခဲ့ကြောင်း၊ အဆိုပါလိုအပ်ချက် များကိုပြုပြင် ရန် ဘက်စုံပညာရေးစနစ်နှင့် စာမတတ်သူပပျောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

ခေတ်စနစ်နှင့်အညီ တွေးခေါ်မြော်မြင်မှုများ တိုးတက်အောင် လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံဒေသအနှံ့ အပြားတွင် စာအုပ်စာပေများကို လက်လှမ်းမီစွာရရှိရန်၊ စာပေကို ဖတ်ရှုလေ့လာကြရန် တက်ရောက်လာကြ သည့် စာပေပညာရှင်များနှင့် မြန်မာစာပေနယ်မှ စာပေရေးသား ပြုစုသူများ၊ ထုတ်ဝေသူများ၊ ဖြန့်ချိသူများ၊ စာကြည့်တိုက်များနှင့် စေတနာရှင်များက ဝိုင်းဝန်းကူညီကြရန် အထူးပင်မေတ္တာရပ်ခံလိုပါကြောင်း၊ စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပါကြောင်း၊ စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံဖြစ်ပါကြောင်း၊ စာအုပ် စာပေများသည် လူ့မိတ်ဆွေများ ဖြစ်ပြီး စာပေမြင့်မှလူမျိုးတင့်မည် ပင်ဖြစ်ပါကြောင်း၊ စာပေသည်နိုင်ငံ၏ ယဉ်ကျေးမှု အဆင့်အတန်းနှင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ၂၀၂၂ ခုနှစ်၊ အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့် စာပေ ပညာရှင် ဆရာကြီး ဒေါက်တာ ထွန်းတင့် (ဒေါက်တာ ထွန်းတင့်-မြန်မာစာ)၊ စာပေ ပညာရှင်ဆရာကြီး ဒေါက်တာ ချစ်စံ(ချစ်စံဝင်း)၊ စာပေပညာရှင် ဆရာမကြီး ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ သန်းဦး (ပြည်စိုးမင်း)ကိုယ်စား သန်းဦး ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးအေးကြိုင် တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post