အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုနှင့် လွတ်မြောက်သွားသော တရားခံများကို အသေမိလျှင် ပျော်ပျော်ကြီး ဆုတော်ငွေချီးမြှင့်မည်ဟု ဒူတာတေးဆို
PUBLISHED - September 18, 2019
ဖိလစ်ပိုင်မှာ အစိုးရအဖွဲ့ရဲ့ အဂတိလိုက်စားမှုတွေကြောင့် ထောင်က လွတ်မြောက်ခဲ့တဲ့ ရာနဲ့ချီတဲ့ လူသတ်သမားနဲ့ မုဒိန်းသမားတွေကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ သမ္မတဒူ တာတေးက ဆုတော်ငွေ တိုးမြှင့်ထားပါတယ်။
ဒါ့အပြင် လွတ်မြောက်သွားတဲ့ တရားခံတွေကို အရှင်ထက် အသေဖမ်းနိုင်ရင် ပိုကောင်းတယ်လို့လည်း ဒူတာတေးက ပြောပါတယ်။
“ တရားခံဟောင်းတွေကို ပြန်ဖမ်းနိုင်ရင် ဖိလစ်ပိုင်ပီဆို တစ်သန်း( အမေရိကန်ဒေါ်လာ ၁၉၁၇၅ ဒေါ်လာ) ချီးမြှင့်မှာပါ။ အသေမိရင် ပိုကောင်းပါတယ်။ ကျွန်တော် ပျော်ပျော်ကြီး ဆုတော်ငွေပေးမှာပါ” လို့ ဒူတာတေးက ပြောပါတယ်။
ယခင်အစိုးရလက်ထပ်က လွတ်ပေးလိုက်တဲ့ အကျဉ်းသား ၂၁,၀၀၀ မှာ ၂,၀၀၀ က မူးယစ်ဆေးဝါးမှု၊မုဒိန်းမှု၊ပြန်ပေးဆွဲမှုနဲ့ မီးရှို့မှုတွေကျုးလွန်ခဲ့သူတွေဖြစ်ကြပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တရားမ၀င်တဲ့သူတွေဖြစ်တယ်လို့ တရားရေးဝန်ကြီးဌာန အရာရှိတွေကပြောပါတယ်။
၎င်းတို့ထဲက ၁၇၀၀ ဟာ ဒူတာတေး ခန့်အပ်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ အဂတိလိုက်စားမှုနဲ့ လွတ်မြောက်ခဲ့ကြတာဖြစ်ပါတယ်။
Ref; Reuters