အစိုးရအဖွဲ့ ပြောင်းရုံနှင့် ပြသာနာများမဖြေရှင်းနိုင်ဟု မလေးရှားဝန်ကြီးချုပ် ဆို
PUBLISHED - September 18, 2019
အစိုးရအဖွဲ့အပြောင်းအလဲရှိတယ်ဆိုတဲ့ သတင်းကို မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က စက်တင်ဘာလ ၁၇ ရက်နေ့မှာ ငြင်းဆိုသွားခဲ့ပါတယ်။
အစိုးရအဖွဲ့အပြောင်းအလဲလုပ်ယုံနဲ့ ပြသာနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ မဟာသီယာက ရေဒီယိုအသံလွှင့်ဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးအသစ်ဟာ ပိုကောင်းတယ်လို့ မဆိုနိုင်ကြောင်း မိမိတို့ဟာ ၀န်ကြီးချုပ်အသစ်က ပိုကောင်းလိမ့်မယ်လို့ ထင်မှတ်ကြကြောင်း သို့သော် ယင်းမှာ မှန်ကန်မှုမရှိကြောင်း မဟာသီယာက အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် မဟာသီယာက အစိုးရအဖွဲ့ကို အပြောင်းအလဲပြုလုပ်တာက ပိုပြီး ပြသာနာများစေမှာဖြစ်တာကြောင့် ၄င်းအနေနဲ့ပြသာနာများကို လူပြောင်းခြင်းနဲ့ ဖြေရှင်းသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်မဟာသီယာ အနိုင်ရရှိခဲ့ပြီးနောက်ပိုင် အစိုးရအဖွဲ့ပိုင်း အပြောင်းအလဲရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
Ref; CNA