အစိုးရနှင့် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်ပါအချက်များ အပြည့်အဝဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း RCSS ထုတ်ပြန်
PUBLISHED - December 2, 2021
ရှမ်း၊ ဒီဇင်ဘာ ၂ (People Media)
အစိုးရနှင့် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်ပါအချက်များ အပြည့်အဝအကောင်အထည်ဖောင် ဆောင် ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS) မှ ထုတ်ပြန်လိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့သည် RCSS နှင့် အစိုးရအကြား လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ပြည်နယ်အ ဆင့် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်သည် ယနေ့ဆိုလျှင် (၁၀) နှစ်ပြည့်ပြီဖြစ်သည်။
နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ် (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိမိတို့ ဖမ်းဆီးရမိသည့် မိမိတို့ ဖမ်း ဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို လွယ်တိုင်းလျဲန်း ဗဟိုဌာနချုပ် အမှတ် (၁) စစ် ဒေသနှင့် တပ်မဟာ (၇၀၇) ၏ နယ်မြေတို့တွင် ယနေ့ မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်းသိရသည်။
အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးပြား (၁,၁၃၆,၉၇၄)ပြား၊ ဘိန်းညိုမှုန့် (၃၀၄) ကီလိုဂရမ်၊ အက်ဆစ် (၄၃,၅၆၀) လီတာနှင့် ဆိုဒါမှုန့် (၃၆,၀၀၀) ကီလိုဂရမ်တို့ကို ဖြစ်ကြောင်း သိရ သည်။
အသွင်သစ် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် RCSSသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)၏ အနှစ်သာရကို ကိုင်စွဲ၍ အဖွဲ့အစည်းများအားလုံးနှင့် လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Photo – Credit
#PeopleMedia #RCSS #Peace
(unicode)
………………………………………………
Photo – Credit
#PeopleMedia #RCSS #Peace