“အစိုးရကို ပြောချင်တယ် တရုတ်က အလုပ်အကိုင် ၂ သန်းပေးမယ်ဆိုတာ အစိုးရကို ညာနေတာ”ဒေါက်တာညိုညိုသင်း
PUBLISHED - March 23, 2019
“အစိုးရကို ပြောချင်တယ် တရုတ်က အလုပ်အကိုင် ၂ သန်းပေးမယ်ဆိုတာ အစိုးရကို ညာနေတာ”ဒေါက်တာညိုညိုသင်း
ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေလက် ထက်၌ အကောင်ထည်ဖော်ရန်ကြိုးစားခဲ့သော်လည်း ကန်ကွက်မှုများကြောင့် စီမံကိန်း အကောင်ထည်ဖော်မှု ရပ်ဆိုင်းခဲ့သည်။
အဆိုပါ စီမံကိန်းကို ပွင့်လင်းမြင်သာမှုမရှိကြောင်း NLD ပါတီ ခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ဝေဖန်ခဲ့တယ်။
လက်ရှိ NLD အစိုးရလက်ထက်၌ မြို့သစ်စီမံကိန်းကို ဝေဖန်ခဲ့သူများသည် စီမံကိန်းကို အကောင်ထည်ဖော်ရန် ကြိုးစားလာခဲ့ပြန်တယ်။
လက်ရှိအချိန်၌ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်မည့် တရုတ် အစိုးရ ကျောထောက်နောက်ခံရှိသော CCCC ကုမ္ပဏီသည် နိုင်ငံတကာ၌ အမည်ပျက် ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
CCCC ကုမ္ပဏီသည် ယင်းစီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်လျှင် မြန်မာလုပ် သား ၂ သန်းခန့် အလုပ်ရမည်ဖြစ်ကြောင်း မတ်လုံးပေးဆွဲဆောင်ခဲ့ပါတယ်။
ပညာရှင်အချို့ကလည်း ရန်ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန်မြို့အနီးရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအသေးစားဖြစ်လာနိုင်တယ်လို့ ဝေဖန်မှုများလည်း ရှိလာပြန်တယ်။
ထို့အတူ မြန်မာနိုင်ငံအတွင်း၌ တရုတ်လုပ်ငန်းရှင်များအကောင်ထည်ဖော်ဆောင်ရွက် လျှက်ရှိသော ဌက်ပျောစိုက်ခင်း၊ကြေးနီစီမံကိန်း၊ရွှေ၊ သတ္တုတူးဖော်ရေးလုပ်များသည် ဒေသခံများနှင့်ပဋိပက္ခဖြစ်လျှက်ရှိပါတယ်။
ထို့ကြောင့် ယခင်အစိုးရလက်ထက်၌ ရန်ကုန်မြို့သစ်စီမံကိန်းကို ကန့်ကွက်ခဲ့သူ လည်းဖြစ် လက်ရှိ အစိုးရလက်ထက်၌ ဝေဖန်ထောက်ပြလျှက်ရှိသော ဒေါ်ညှိညှိ သင်းနှင့် လူထုမီဒီယာမှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
https://www.facebook.com/303185163868226/videos/2224515247787245/