• Follow Us on

Home အစ္စရေးကိုတိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်တိုက်ခိုက်မှုဟာ လက်တွေ့ဘဝနဲ့ကင်းကွာပြီးထွက်ပေါ်လာတာ မဟုတ် ကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော

အစ္စရေးကိုတိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်တိုက်ခိုက်မှုဟာ လက်တွေ့ဘဝနဲ့ကင်းကွာပြီးထွက်ပေါ်လာတာ မဟုတ် ကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅

 

ဟားမတ်စ်အဖွဲ့ရဲ့ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံအပေါ်တိုက်ခိုက်မှုဟာ လက်တွေ့ဘဝနဲ့ ကင်း ကွာပြီး သီးခြားထွက်ပေါ်လာတဲ့တိုက်ခိုက်မှုမဟုတ်ကြောင်း အရှေ့အလယ်ပိုင်းအရေးနဲ့ပတ်သက်ပြီး အင်္ဂါနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) က လုံခြုံရေးကောင်စီမှာ မိန့်ခွန်းပြောကြားစဉ် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်အန်တိုနီယိုဂူတားရက်စ်က ထည့်သွင်းပြောကြားလိုက်ပါတယ်။

 

“ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုဟာ လက်တွေ့ဘဝနဲ့ ကင်းကွာပြီး ထွက်ပေါ်လာတဲ့တိုက်ခိုက်မှုမဟုတ်ဘူးဆို တာကိုလည်း အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ ပါလက်စတိုင်းတွေဟာ အသိမ်းပိုက်ခံဘဝနဲ့ မွန်းကျပ်စွာနေ ထိုင်လာကြရတဲ့ ၅၆ နှစ်ကြာမြင့်ခဲ့ပါပြီ။ သူတို့မြေတွေကို အခြေချနေထိုင်သူတွေ တဖြည်းဖြည်းဝါးမျိုနေပြီး အ ကြမ်းဖက်မှုတွေက ဒုက္ခပေးနေတယ်လို့ ပါလက်စတိုင်းတွေက ရှုမြင်နေကြပါတယ်။” လို့ ဂူတားရက်စ်က ပြောပါ တယ်။

 

တပြိုင်တည်းမှာပဲ ပါလက်စတိုင်းပြည်သူတွေရဲ့ နာကြည်းမှုတွေဟာ ဟားမတ်စ်အဖွဲ့ရဲ့ ဆိုးရွားလှတဲ့တိုက်ခိုက်မှု တွေ တရားမျှတကြောင်း ထုတ်ဖော်ပြသနေတာမဟုတ်သလို ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုကြောင့်လည်း ပါ လက်စတိုင်းတွေကို ပြစ်ဒဏ်ခတ်တာမျိုးမလုပ်သင့်ကြောင်း ဂူတားရက်စ်က ပြောပါတယ်။

 

ဒါ့ကြောင့် ပဋိပက္ခဖြစ်စဉ်ထဲမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားတွေကို ကာကွယ် စောင့်ရှောက်ဖို့အတွက် စစ်ဆင်ရေးဆောင်ရွက်တဲ့အခါ အထူးသတိပြုဆောင်ရွက်ဖို့လိုသလို ဆေးရုံတွေနဲ့ ပါ လက်စတိုင်းပြည်သူ ၆၀၀၀၀၀ ကျော် ခိုလှုံနေတဲ့ ကုလသမဂ္ဂအဆောက်အအုံတွေကို လေးစားကာကွယ်ဖို့လို အပ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်ထွက်ပေါ်လာတဲ့ အရပ်သားအသေအပျောက် နှုန်းဟာ အလွန်ထိတ်လန့်တုန်လှုပ်စရာကောင်းကြောင်း၊ အပျက်အစီးတွေကလည်း တောင်ပုံယာပုံဖြစ်ပေါ် နေကြောင်း ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်က ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကုလသမဂ္ဂကယ်ဆယ်ရေးနဲ့ ပြန်လည် တည်ဆောက်ရေးအဖွဲ့အတွက် အလုပ်လုပ်နေတဲ့ ကုလသမဂ္ဂဝန်ထမ်း ၃၅ ဦး ထက်မနည်း သေဆုံးခဲ့ရကြောင်း ဂူတားရက်စ်က ပြောပါတယ်။

 

နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ကျူးလွန်ခဲ့တာကို ဂါဇာဒေသမှာမြင်တွေ့ နေရကြောင်း၊ အခုလအစောပိုင်းက ဂါဇာဒေသက လူဦးရေ တစ်သန်းကျော်ကို ဘေးကင်းလုံခြုံရာရွှေ့ပြောင်း ထွက်ခွာသွားဖို့ အစ္စရေးဘက်က အမိန့်ပေးခဲ့တာဟာ ဥပမာတစ်ခုပင်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဂါဇာဘက်ကိုပို့လိုက်တဲ့ ထောက်ပံ့ကူညီမှုတွေဟာ မကြာခင်ရက်ပိုင်းအတွင်း ကုန်ဆုံးပြတ်လပ်သွားတော့မယ့် လောင်စာဆီတွေအပါအဝင် ကြီးမားလှတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောပါတယ်။

 

လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် အပစ်အခတ်ချက်ချင်းရပ်စဲပေးဖို့၊ ပါ လက်စတိုင်း-အစ္စရေး ပဋိပက္ခအတွက် နှစ်နိုင်ငံတည်ထောင်ရေးဖြေရှင်းနည်းကိုလက်ခံဖို့နဲ့ ဖမ်းဆီးထားတဲ့ဓား စာခံအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဂူတားရက်စ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

 

Ref: UN secretary-general: Hamas attacks on Israel “did not happen in a vacuum”

 

#PeopleMedia


Share this post