• Follow Us on

Home အစ္စရေးကိုတိုက်ခိုက်ဖို့အတွက် အစ္စရေးနယ်စပ်နဲ့ တစ်မိုင်ခန့်သာရှိတဲ့နေရာမှာ ဟားမတ်စ်အဖွဲ့ဝင်တွေ စစ်ရေး လေ့ကျင့်ခဲ့တာဖြစ်

အစ္စရေးကိုတိုက်ခိုက်ဖို့အတွက် အစ္စရေးနယ်စပ်နဲ့ တစ်မိုင်ခန့်သာရှိတဲ့နေရာမှာ ဟားမတ်စ်အဖွဲ့ဝင်တွေ စစ်ရေး လေ့ကျင့်ခဲ့တာဖြစ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၃

 

အစ္စရေးနိုင်ငံကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ဖို့အတွက် ဟားမတ်စ်စစ်သွေးကြွတွေဟာ အစ္စရေးနယ်စပ်နဲ့ အလွန်နီးကပ်တဲ့နေရာတစ်ခုမှာ လေ့ကျင့်ရေးစခန်းတစ်ခုတည်ဆောက်ပြီး လေ့ကျင့်ခဲ့တာဖြစ်ကြောင်း CNN သတင်းဌာနက ရေးသားလိုက်ပါတယ်။

 

၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာ လေ့ကျင့်ခန်းဆင်းနေတဲ့အနေနဲ့ ဟားမတ်စ်စစ်သွေးကြွ တွေက အစ္စရေးဘက်ကို ဒုံးကျည်တွေပစ်ခတ်နေပုံ၊ ၎င်းတို့ဖန်တီးထားတဲ့ အစ္စရေးအဆောက်အအုံတွေကို ဝင် ရောက်စီးနင်းပြီး အစ္စရေးအကျဉ်းသားတွေကို ဖမ်းဆီးနေပုံတွေကို တွေ့မြင်ရပါတယ်။

 

အဲဒီဗီဒီယိုင်ဖိုင်ထဲမှာပါတဲ့ လေ့ကျင့်ရေးစခန်းကို ဂါဇာနဲ့ အစ္စရေး နယ်စပ်ကြား လူသွားလမ်း လမ်းဆုံဖြစ်တဲ့ အဲရက်ဇ်လမ်းဆုံနဲ့ အလွန်နီးကပ်တဲ့နေရာမှာ တည်ဆောင်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

 

အစ္စရေးလူမျိုး ၁၂၀၀ ကျော် သေဆုံးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ဝင်ရောက်တိုက်ခိုက်မှုမှာ ဟားမတ်စ် တွေက အဲဒီလမ်းဆုံဘက်က နေချိုးဖောက်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ရိုက်ကူးထားတဲ့ နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုမှာတော့ ဟားမတ်စ်စစ်သွေးကြွ အဖွဲ့ဝင်တွေဟာ ဂလိုက်ဒါလေထီးတွေနဲ့အတူ အတက်အဆင်းလုပ်ပြီး တိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေကို လေ့ ကျင့်နေကြတာတွေ့ရပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်မှုဖြစ်စဉ်မှာလည်း ဟားမတ်စ်အဖွဲ့ဝင်တချို့ဟာ အဲဒီလို ဂလိုက်ဒါ လေထီးတွေနဲ့ ဆင်းသက်လာပြီး အစ္စရေးတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီဝါဒဖြန့်ဗီဒီယိုတွေကို လေ့လာကြည့်တဲ့အခါ ဂါဇာကမ်းမြောင်ဒေသမှာ လေ့ကျင့်ရေးစခန်း ၆ ခုထက်မနည်း အသုံးပြုပြီး ဟားမတ်စ်အဖွဲ့ဝင်တွေဟာ အစ္စရေးကိုတိုက်ခိုက်ဖို့အတွက် လပေါင်းများစွာလေ့ကျင့်ခဲ့ကြတာဖြစ် ကြောင်း CNN ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းတစ်ခုအပါအဝင် အဲဒီလေ့ကျင့်ရေးစခန်းတွေထဲက စ ခန်းနှစ်ခုဟာ ဂါဇာ-အစ္စရေး နယ်စပ်ဒေသမှာ အစ္စရေးဘက်က ခံစစ်ပြင်ထားပြီး ကင်းလှည့်နေတဲ့နေရာနဲ့ တစ် မိုင်ကျော်ကျော်လေးပဲ ဝေးတယ်လို့ဆိုပါတယ်။

 

ကျန်တဲ့စခန်းတွေထဲက စခန်းတစ်ခုကတော့ ဂါဇာအလယ်ပိုင်းမှာရှိပြီး နောက်ထပ်စခန်း ၃ ခုကတော့ ဂါဇာဒေ သ တောင်ပိုင်းမှာရှိတာဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့နှစ်နှစ်အတွင်းက ဂြိုဟ်တုဓာတ်ပုံတွေကို CNN က ပြန်လည်စစ်ဆေးကြည့်ရာမှာ အဲဒီဟားမတ်စ်တွေ ရဲ့ စစ်လေ့ကျင့်ရေးစခန်း ၆ ခုကို အစ္စရေးဘက်က စစ်ရေးအရ တုံ့ပြန်စစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်ကြိမ်မှမရှိခဲ့ ကြောင်း သိရပါတယ်။

 

အစ္စရေးစစ်စခန်းတွေ၊ မြို့တွေနဲ့ ကျေးလက်လယ်ယာမြေတွေကို ဝင်ရောက်စီးနင်းပြီး အစ္စရေးလူမျိုးအများ အ ပြားသေဆုံးခဲ့ပြီးနောက် လူပေါင်း ၁၅၀ ဓားစာခံအဖြစ်ဖမ်းဆီးခံလိုက်ရတဲ့ ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုနဲ့ပတ် သက်ပြီး အစ္စရေးနိုင်ငံရဲ့ထောက်လှမ်းရေးသတင်း ပျက်ကွက်မှုတွေကို မေးခွန်းထုတ်ခံနေရပါတယ်။

 

Ref: Hamas trained for its deadly attack in plain sight and less than a mile from Israel’s border

 

#PeopleMedia


Share this post