အစ္စရေးကိုထိုးဖောက်ဝင်ရောက်ရာမှာ ဟားမတ်စ်တွေ ဂလိုက်ဒါလေထီးတွေအသုံးပြုခဲ့ပုံကို အိန္ဒိယစစ်တပ် အသေးစိတ်လေ့လာနေ
PUBLISHED - October 19, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၉
ဟားမတ်စ်စစ်သွေးကြွအဖွဲ့ဝင်တွေဟာ (စက်တပ်ထားတဲ့) ဂလိုက်ဒါလေထီးတွေကိုအသုံးပြုပြီး အစ္စရေးနယ်မြေ ထဲကို ဘယ်လိုထိုးဖောက်ဝင်ရောက်လာခဲ့တယ်ဆိုတာကို အိန္ဒိယတပ်မတော်က အသေးစိတ်ဆန်းစစ်လေ့လာ နေကြောင်း အမည်မဖော်လိုတဲ့ကာကွယ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး The Hindu သတင်းစာမှာရေး သားဖော်ပြထားပါတယ်။
အခုလအစောပိုင်းက ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဟာ အစ္စရေးနိုင်ငံကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးထောက်လှမ်းရေးအဖွဲ့ရဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်စုစည်းမှုစွမ်းရည်ကို မေးခွန်းထုတ်ခံ နေရပါတယ်။
ဟားမတ်စ်အဖွဲ့တွေဟာ အစ္စရေးတွေတည်ဆောက်ထားတဲ့ အဆင့်မြင့်နယ်စပ်ခြံစည်းရိုးကို လေကြောင်းကနေ ဖြတ်သန်း ရန်သူ့နယ်မြေထဲကို အနှောင့်အယှက်အတားအဆီးမရှိဘဲ ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပါ တယ်။
“လေကြောင်းအတိုက်ခိုက်မှု အထူးသဖြင့် အဲဒီလို ဂလိုက်ဒါတွေအသုံးပြုပြီးဝင်ရောက်လာတာဟာ ကျွန်တော် တို့အတွက် တကယ့်ကို စိုးရိမ်စရာဖြစ်ပါတယ်။ အခုဒီအခြေအနေတွေကို လေ့လာနေတာဟာ ကျွန်တော်တို့နိုင် ရဲ့ဆက်စပ်စဉ်းစားရမယ့်အကြောင်းအရာအတွေအတွက် သင်ခန်းစာတွေ အမြန်ယူနိုင်ဖို့ဖြစ်ပါတယ်။” လို့ ကာ ကွယ်ရေးသတင်းရင်းမြစ်တွေက The Hindu ကို ပြောပါတယ်။
အစ္စရေးနိုင်ငံလိုပဲ အိန္ဒိယနိုင်ငံဟာလည်း အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေး ခပ်စိမ်းစိမ်းရှိတဲ့နိုင်ငံဖြစ်ပါတယ်။ မကြာသေးခင်ကပဲ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား နယ်စပ်ဒေသပဋိပက္ခတွေဖြစ်ပွားခဲ့ပါသေးတယ်။
စက်တပ်ဂလိုက်ဒါလေထီးတွေအပြင် ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးအဆင့်မြင့်လက်နက်တွေကို တိုက်ခိုက်ဖို့အ တွက် ဈေးနှုန်းချိုသာတဲ့ဒရုန်းတွေကိုလည်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ဟားမတ်စ်တွေရဲ့ ဈေးနှုန်းချိုသာတဲ့ ဒရုန်းတစ်စင်းကနေ အစ္စရေးစစ်တပ်က ဒေါ်လာ ၃ သန်းတန်ကြေးရှိတဲ့ မာခါဗာ Mark IV တင့်ကားကို ဗုံးနဲ့တိုက်ခိုက်သွားတဲ့ပုံကို လူမှုကွန်ရက်ပေါ်မှာ ပြန့်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ တွေ့ရှိရမှာဖြစ်ပါတယ်။
တင့်ကားတွေဟာ ဘေးပတ်ပတ်လည်ကို ကြီးမားတဲ့သံထုတွေနဲ့ ကာကွယ်ထားပေမဲ့ ထိပ်ပိုင်းကို တိုက်ခိုက်ရ လွယ်ကူတာကြောင့် ဒီနည်းလမ်းဟာ ထိရောက်တဲ့နည်းဗျူဟာတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိလုပ်နေတဲ့ ဆန်းစစ်လေ့လာမှုကို အသုံးပြုပြီး အနာဂတ်စစ်ပွဲသစ်မှာ ဘယ်လိုတန်ပြန်ဒရုန်းတိုက်ခိုက်ရေး စနစ်ကို ဖော်ထုတ်နိုင်မလဲဆိုတာ ရှာဖွေသွားနိုင်လိမ့်မယ်လို့ အိန္ဒိယအစိုးရကမျှော်လင့်ထားပါတယ်။
အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံအပြင် အိမ်နီးချင်း အထူးသဖြင့် နယ်စပ်ထိစပ်နေတဲ့ ပါကစ္စတန်နိုင်ငံက အကြမ်း ဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းက ကက်ရှ်မီးယားသူပုန်တွေက အိန္ဒိယစစ်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိယစစ်သည် ၅ ဦး ကျဆုံးခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ် စစ်ပွဲထဲကထွက်ပေါ်လာတဲ့ သင်ခန်းစာတွေက အကြမ်းဖက်သမားတွေရဲ့ အချိုးမညီတဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေကို အမီလိုက်နိုင်ဖို့အတွက် ထိရောက်တဲ့နည်းလမ်းတွေရှာဖွေရာမှာ အိန္ဒိယတပ်မ တော်ကို အထောက်အကူပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Indian Army Studying Hamas Use of Paragliders to Infiltrate Israel
#PeopleMedia