• Follow Us on

Home အစ္စရေးကိုရော ပါလက်စတိုင်းကိုပါ ကူညီမယ်လို့ ဂျိုးဘိုင်ဒန်ပြော၊ လမ်းကြောင်းတချို့ အစ္စရေးဖွင့်ပေးမှာဖြစ် ပြီး အစ္စရေးဗုံးကြဲတာရပ်တန့်ရင် အရပ်သားဓားစာခံတွေပြန်လွှတ်ပေးမယ်လို့ ဟားမတ်စ်ပြော

အစ္စရေးကိုရော ပါလက်စတိုင်းကိုပါ ကူညီမယ်လို့ ဂျိုးဘိုင်ဒန်ပြော၊ လမ်းကြောင်းတချို့ အစ္စရေးဖွင့်ပေးမှာဖြစ် ပြီး အစ္စရေးဗုံးကြဲတာရပ်တန့်ရင် အရပ်သားဓားစာခံတွေပြန်လွှတ်ပေးမယ်လို့ ဟားမတ်စ်ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၉

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးကိုရော ပါလက်စတိုင်းတွေကိုပါ အကူအညီပေးသွားမှာဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ခရီးစဉ်မှာပြောကြားသွားပေမဲ့ လူပေါင်းများစွာသေဆုံးခဲ့တဲ့ ဂါဇာ မြို့က ဆေးရုံတိုက်ခိုက်မှုကိုတော့ ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ရဲ့ ဒုံးကျည်လမ်းကြောင်းမှားပြီး ထိ မှန်ခဲ့တာလို့ မှတ်ယူကြောင်း ပြောကြားလိုက်ပါတယ်။

 

“ဒီကနေ့အချိန်အထိ ရရှိထားသမျှ သတင်းအချက်အလက်တွေအရ ဂါဇာမှာရှိနေတဲ့ အကြမ်းဖက်အုပ်စုတစ်စု က ပစ်လွှတ်လိုက်တဲ့ဒုံးကျည်က လမ်းကြောင်းလွဲချော်သွားပြီး ဆေးရုံကိုလာရောက်ထိမှန်ခဲ့ပုံရတယ်လို့ သိရ ပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

အမေရိကန်ရဲ့ဆန်းစစ်လေ့လာရေးဟာ ဂြိုဟ်တုဓာတ်ပုံတွေ၊ ကြားဖြတ်ဖမ်းယူစက်တွေနဲ့ လွတ်လပ်တဲ့သတင်း ရင်းမြစ်တွေကို အခြေခံထားကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီက ပြောပါတယ်။

 

ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ်အုပ်စုက ပစ်ခတ်လိုက်တဲ့ဒုံးကျည်ဟာ လမ်းကြောင်းလွဲချော်ပြီး အယ်လ်အ လီ နှစ်ခြင်းခရစ်ယာန်ဆေးရုံကို ထိမှန်ခဲ့တာဖြစ်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိနှစ်ဦးနဲ့ ကွန်ဂရက်လွှတ် တော်ဝန်ထမ်းတစ်ဦးက NBC သတင်းဌာနကိုပြောသလို အစ္စရေးကလည်း ဆေးရုံပေါက်ကွဲမှုဟာ ၎င်းတို့လက် ချက်မဟုတ်ဘူးလို့ ပြောပါတယ်။

 

ဆေးရုံပေါက်ကွဲမှုမှာ ပါလက်စတိုင်းလူမျိုး ၄၇၁ ဦး သေဆုံးသွားကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက ပြောသလို ဂျော်ဒန်နိုင်ငံမှာ အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် ဂျိုးဘိုင်ဒန်ရဲကအစီအစဉ်ကိုလည်း ဖျက် သိမ်းလိုက်ပါတယ်။

 

တပြိုင်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာမှုအခက်အခဲတွေခံစားနေရတဲ့ ပြည်သူတွေ သက်သာစေဖို့အတွက် ပိတ်ဆို့ထားတဲ့အီဂျစ်နိုင်ငံကတစ်ဆင့် ဂါဇာထဲကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းကို စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေ သယ်ယူတင်သွင်းဖို့ ဖွင့်ပေးမယ်လို့ အစ္စရေးဘက်က ပြောပါတယ်။

 

အလားတူ အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်နေတာတွေ ရပ်တန့်လိုက်မယ်ဆိုရင် ဖမ်း ဆီးထားတဲ့ အရပ်သားဓားစာခံတွေကို တစ်နာရီအတွင်း ပြန်လွှတ်ပေးမယ်လို့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် တစ်ဦးက NBC သတင်းဌာနကို ပြောပါတယ်။

 

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာဘက်မှာ လူဦးရေ ၃၄၀၀ ကျော် သေဆုံးခဲ့ပြီး ၁၂၅၀၀ ကျော် ဒဏ်ရာရှိခဲ့သလို ဟားမတ်စ်တွေတိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာ လူဦးရေ ၁၄၀၀ သေဆုံးခဲ့သလို ၃၅၀၀ ဒဏ်ရာရှိခဲ့ပါ တယ်။

 

Ref: Biden vows aid for Gaza, Israel as protests rock Middle East: Reuters and What we know : NBC

 

#PeopleMedia


Share this post