အစ္စရေးကို ကာကွယ်ဖို့ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်က ဂျက်တိုက်လေယာဉ်တွေ စေလွှတ်နေ
PUBLISHED - August 7, 2024
နိုင်ငံတကာ၊ သြဂုတ် ၇
အစ္စရေးနိုင်ငံကို ကာကွယ်ဖို့အတွက် အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်က ဂျက်တိုက်လေယာဉ်တွေ စေ လွှတ်နေကြောင်း ကမ္ဘာ့သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
အမေရိကန်ရေတပ် ယူအက်စ်အက်စ်သီရိုဒိုရုစဘဲ (USS Theodore Roosevelt) လေယာဉ်တင်သင်္ဘောကြီး ပေါ်က F/A-18 ဂျက်တိုက်လေယာဉ် တစ်ဒါဇင်ခန့်ဟာ အရှေ့အလယ်ပိုင်းဒေသက စစ်စခန်းတစ်ခုကို ပျံတက် သွားကြကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
အီရန်နိုင်ငံနဲ့ ၎င်းလက်သပ်မွေးထားတဲ့အဖွဲ့တွေက အစ္စရေးကို တိုက်ခိုက်လာခဲ့ရင် အစ္စရေးနဲ့ ဒေသတွင်းမှာရှိ တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့အတွက် အခုလို စစ်အင်အားဖြည့်တင်းနေတာဖြစ်ကြောင်း အဆို ပါအရာရှိက ပြောပါတယ်။
အိုမန်ပင်လယ်ကွေ့မှာ တပ်ဖြန့်ချထားတဲ့ လေယာဉ်တင်သင်္ဘောကြီးပေါ်က ထွက်ခွာလာတဲ့ F/A-18 ဂျက် တိုက်လေယာဉ်တွေနဲ့ E-2D Hawkeye ကင်းထောက်လေယာဉ်တစ်စင်းဟာ ဒေသတွင်းက အမည်ဖော်ပြ မထားတဲ့ စစ်စခန်းတစ်ခုကို တနင်္လာနေ့ (သြဂုတ်လ ၅ ရက်နေ့) က ဆိုက်ရောက်လာခဲ့ကြောင်း အဆိုပါအ ရာရှိက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က လက်ဘနွန်နိုင်ငံမှာ ဟစ်ဘိုလာခေါင်းဆောင်တစ်ဦးနဲ့ အီရန်နိုင်ငံမှာ ဟားမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင်တို့ လုပ်ကြံခံလိုက်ရပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်လာ မှာကို စိုးရိမ်နေကြစဉ်အတွင်း အဲဒီဒေသမှာ စစ်အင်အား ဖြည့်တင်းထားဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်က ညွှန်ကြားခဲ့ပါတယ်။
ဟစ်ဘိုလာအဖွဲ့ရော ဟားမတ်စ်အဖွဲ့ပါ အီရန်နိုင်ငံက ထောက်ပံ့ထားတဲ့အဖွဲ့တွေဖြစ်ပြီး အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် နှစ်ယောက်လုပ်ကြံခံရတာဟာ အစ္စရေးလက်ချက်လို့ မှတ်ယူထားပါတယ်။
အမေရိကန်လေတပ်ရဲ့ F-22 ဂျက်တိုက်လေယာဉ်တွေဟာ အလက်စကားပြည်နယ် မိခင်တပ်စခန်းကနေ အခု ပြောတဲ့လေတပ်စခန်းကို ထွက်ခွာလာမှာဖြစ်တဲ့အတွက် ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောအခြေစိုက် ဂျက် တိုက်လေယာဉ်တွေရဲ့ တပ်ဖြန့်ချထားမှုဟာ ယာယီသာဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
F-22 ဂျက်တိုက်လေယာဉ်တွေဟာ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အရှေ့အလယ်ပိုင်းဒေသကို ဆိုက်ရောက် လာမှာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အဆိုပါအရာရှိက ပြောပါတယ်။
အင်္ဂါနေ့က အီရတ်မှာရှိတဲ့ အမေရိကန်စစ်စခန်း ရော့ကက်နဲ့ တိုက်ခိုက်ခံရပြီးတဲ့သတင်းကို အမေရိကန်အရာရှိ တွေက ထုတ်ပြန်နေစဉ်အတွင်းမှာပဲ အခုလို တပ်အင်အားဖြည့်တင်းမှုတွေ ဆောင်ရွက်လာတာဖြစ်ပါတယ်။
အီရတ်မှာရှိတဲ့ အမေရိကန်စစ်စခန်းတိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၅ ဦးနဲ့ ကန်ထရိုက်တာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
Ref: US sends ship-based Navy fighter jets to a base in the Middle East to help protect Israel
#PeopleMedia