အစ္စရေးကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှု ယူကရိန်းကူညီထောက်ပံ့မှုတွေကို မထိခိုက်နိုင်ကြောင်း အမေရိ ကန်ပြော
PUBLISHED - October 11, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၁
ဟားမတ်စ်အဖွဲ့ရဲ့အလစ်အငိုက်တိုက်ခိုက်တာခံလိုက်ရတဲ့အတွက် အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေတိုး မြှင့်ထောက်ပံ့သွားဖို့ အမေရိကန်နိုင်ငံက ဆုံးဖြတ်ချက်ချလိုက်တာဟာ ယူကရိန်းကို လက်နက်တွေဆက်လက် ပို့ဆောင်မယ့်အစီအစဉ်ကို ထိခိုက်စေမှာမဟုတ်ကြောင်း နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်က အင်္ဂါနေ့ (အောက်တိုဘာလ ၁၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“အမေရိကန်က အစ္စရေးကိုထောက်ပံ့မှာလား မထောက်ပံ့ဘူးလားဆိုတဲ့ မေးခွန်းက ယူကရိန်းကိုအမေရိကန် ထောက်ပံ့နေတဲ့အစီအစဉ်ကို ထိခိုက်စေနိုင်သလားလို့မေးလာရင် ဒီကိစ္စနဲ့ပတ်သက်ပြီး စိန်ခေါ်မှုကြီးကြီးမားမား ကြိုတင်မျှော်လင့်ထားတာမျိုး မရှိပါဘူးလို့ ပြောချင်ပါတယ်။” လို့ နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ် ဂျူလီယန်စမစ်သ်က သတင်းထောက်တွေကို ပြောပါတယ်။
“ယူကရိန်းနိုင်ငံကို ကတိကဝတ်တွေအတိုင်း ဆက်လက်ထောက်ပံ့နေစဉ်အတွင်းမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ အစ္စရေးလုံခြုံရေးအတွက် အာရုံစိုက်ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတာကို ကျွန်တော် သံသယရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အမေရိကန်က အစ္စရေးနိုင်ငံအတွက် စစ်လက်နက်ပစ္စည်းသစ်တွေ ပေးပို့နေစဉ်အတွင်းမှာပဲ အစ္စရေးဘက်က ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အမေရိကန်စစ်သင်္ဘောတွေ၊ လေယာဉ်တွေကို အစ္စရေးနိုင်ငံအနီးကို ရွှေ့ ပြောင်းထားဖို့ သမ္မတဂျိုးဘိုင်ဒန်က အမိန့်ပေးထားပါတယ်။
အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲမှာ ပြဿနာတွေဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းကို စစ်လက်နက်ပစ္စည်း ဆက်လက်ထောက်ပံ့နိုင်ဖို့အတွက် နည်းလမ်းတစ်ရပ် ခက်ခက်ခဲခဲ ကြိုးစားရှာဖွေနေစဉ်အတွင်းမှာပဲ အခုလို အစ္စရေးပြဿနာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆက်လက်ဆင်နွှဲနိုင်ဖို့နဲ့ မကြာခင် ရုရှားဘက်က ဆောင်းရာသီစစ်ဆင်ရေးဆင်နွှဲ လာနိုင်တာကို မျှော်လင့်ထားပြီး အဲဒီစစ်ဆင်ရေးကိုကာကွယ်ဖို့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ထောက်ပံ့ပေးဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ ယူကရိန်းကိုထောက်ခံတဲ့နိုင်ငံတွေ ဘရပ်ဆဲလ်မြို့မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
“ယူကရိန်းနိုင်ငံက တခြားစစ်လက်နက်ပစ္စည်းအမျိုးအစားတွေ တောင်းဆိုလာနိုင်တာ သံသယမရှိပေမဲ့ အဓိက တောင်းဆိုမှာကတော့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေနဲ့ ခဲယမ်းတွေဖြစ်မယ်လို့ မျှော်လင့်ထားပါ တယ်။” လို့ ဂျူလီယန်စမစ်သ်က ပြောပါတယ်။
အခုလအတွင်းက အစိုးရတစ်ရပ် ရပ်နားလိုက်ရမယ့်အဖြစ်ကို ရှောင်ရှားဖို့အတွက် အမေရိကန်ကွန်ဂရက်လွှတ် တော်ထဲမှာ သဘောတူညီမှုတစ်ရပ်ပြုလုပ်ခဲ့ရပြီး ထောက်ပံံ့မှုအသစ်ကို ဖြတ်တောက်ခဲ့ရပြီးနောက် အမေရိကန် အစိုးရရဲ့ ယူကရိန်းနိုင်ငံပေါ်ပေးအပ်နေတဲ့ အကူအညီတွေနဲ့ပတ်သက်ပြီး စိတ်ပူနေတဲ့နိုင်ငံတွေကို စိတ်သက် သာစေဖို့ သမ္မတဘိုင်ဒန်က နည်းလမ်းတွေရှာဖွေခဲ့ပါတယ်။
Ref: US Says Military Support to Israel Won’t Hurt Ukraine Aid
#PeopleMedia