အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်ဖို့ အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ အမိန့်ပေး
PUBLISHED - November 1, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၃၁
အစ္စရေးနိုင်ငံရဲ့ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ဖို့ အီရန်စစ်တပ်ကို အီရန်ခေါင်းဆောင် အယာတိုလာခါမေနီက ကြာသပတေးနေ့ (အောက်တိုဘာ ၃၀ ရက်နေ့) က ပြောကြား လိုက်ပါတယ်။
အီရန်နိုင်ငံဟာ နိုဝင်ဘာ ၅ ရက်နေ့ အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်လာ နိုင်ကြောင်း မီဒီယာအများအပြားကရေးသားကြပေမဲ့ New York Times ကတော့ အီရန်ဟာ နိုဝင်ဘာ ၅ ရက် နေ့မတိုင်ခင် တိုက်ခိုက်မှာမဟုတ်ကြောင်း ရေးသားထားပါတယ်။
အီရန်က အောက်တိုဘာ ၁ ရက်နေ့က အစ္စရေးနိုင်ငံကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးက အောက်တိုဘာ ၂၆ ရက်နေ့မှာ အီရန် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ရေဒါစခန်း တွေကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွက် ပြန်လည်လက်စားချေတိုက်ခိုက်မှာဖြစ်ကြောင်း အီရန်နိုင်ငံက တောက်လျှောက်ပြော ဆိုလာပေမဲ့ ဒီကနေ့အချိန်အထိတော့ တိုက်ခိုက်ခြင်းမရှိသေးပါဘူး။
အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်စစ်သား ၄ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးပြီး မဆိုစလောက်သာ ထိခိုက်ပျက် စီးမှုရှိခဲ့တယ်လို့ ပြောပေမဲ့ အစ္စရေးကတော့ ၎င်းတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ အီရန်လေကြောင်းရန် ကာကွယ်ရေးနဲ့ ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ဖျက်ဆီးနို်င်ခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးမှုနဲ့ ပျက်စီးမှုရှိခဲ့ပြီး ဆုံးရှုံးပါတယ်လို့ ဝန်ခံရမှာကို ရှောင်ရှားတဲ့အနေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ဖို့လိုအပ်တယ်လို့ ခိုမေနီက ခံစားနေရကြောင်း New York Times က ပြောပါတယ်။
အီရန်စစ်ဘက်အရာရှိတွေကတော့ တိုက်ခိုက်ရမယ့် အစ္စရေးရဲ့ စစ်ရေးပစ်မှတ်တွေကို စာရင်းပြုစုပြင်ဆင်နေ တယ်လို့ Times က ရေးသားထားပါတယ်။
ပါးကိုက်လို့နားပြန်ကိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ အီရန်က လက်တုံပြန်တိုက်ခိုက်လာမယ်ဆိုရင် အစ္စရေး ထောက်လှမ်းရေးတပ်ဖွဲ့နဲ့ လေတပ်ဟာ အီရန်နိုင်ငံထဲကို အကြိမ်ကြိမ်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း အစ္စရေးကာ ကွယ်ရေးတပ်ဖွဲ့ IDF က ကြာသပတေးနေ့က ပြောပါတယ်။
အခုလအတွင်း တိုက်ပွဲမဝင်ခင် အစ္စရေးလေတပ်ဟာ လေးငါးကြိမ် လေ့ကျင့်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့ အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုမှာလည်း အစ္စရေးလေတပ်က ဂျက် တိုက်လေယာဉ် အစင်း ၁၀၀ ကျော် ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Ref: Iranian leader Khamenei said to order reprisal attack on Israeli military sites
#PeopleMedia