• Follow Us on

Home အစ္စရေးကွန်မန်ဒိုအဖွဲ့ ဟားမတ်စ်သိမ်းပိုက်ထားတဲ့တပ်စခန်းတစ်ခုကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်၊ ဟားမတ်စ် အကြမ်းဖက်သမား ၆၀ ကိုသုတ်သင်ခဲ့ပြီး ဓားစာခံ ၂၅၀ ကို ကယ်ထုတ်နိုင်ခဲ့

အစ္စရေးကွန်မန်ဒိုအဖွဲ့ ဟားမတ်စ်သိမ်းပိုက်ထားတဲ့တပ်စခန်းတစ်ခုကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်၊ ဟားမတ်စ် အကြမ်းဖက်သမား ၆၀ ကိုသုတ်သင်ခဲ့ပြီး ဓားစာခံ ၂၅၀ ကို ကယ်ထုတ်နိုင်ခဲ့

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၃

 

အစ္စရေးလက်ရွေးစင်တပ်ဖွဲ့ဝင်တွေက ဟားမတ်စ်အကြမ်းဖက်သမားတွေ စီးနင်းသိမ်းပိုက်ထားတဲ့ စစ်ဆေးရေး စခန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး အကြမ်းဖက်သမားတွေကို သုတ်သင်ရှင်းလင်းကာ ဓားစာခံ ၂၅၀ ကို ပြန် လည်ကယ်ထုတ်နိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ဖိုင်ကို အစ္စရေးတပ်မတော်က ထုတ်လွှင့်ခဲ့ကြောင်း DailyMail သတင်း ဌာနက ဖော်ပြထားပါတယ်။

 

အမေရိကန်နေဗီဆီးလ်အဖွဲ့နဲ့ ပုံစံတူတဲ့ အစ္စရေး ဖလုတ်တီလာ ၁၃ (Flotilla 13) လက်ရွေးစင်ကွန်မန်ဒိုတပ်စု ကို အကြမ်းဖက်အဖွဲ့အစည်းတွေကို နှိမ်နှင်းဖို့ အထူးဖွဲ့စည်းထားတာဖြစ်ပြီး အဲဒီအဖွဲ့ဟာ အကြမ်းဖက်သမား တွေသိမ်းပိုက်ထားတဲ့ စခန်းကို ကြာသပတေးနေ့ (အောက်တိုဘာလ ၁၂ ရက်နေ့) ညပိုင်းက ဝင်ရောက်စီးနင်း ခဲ့တာဖြစ်ပါတယ်။

 

အီဂျစ်နိုင်ငံဘက်ကိုသွားတဲ့နယ်စပ်လမ်းကြောင်းမှာရှိတဲ့ ဂါဇာကမ်းမြောက်တောင်ပိုင်းဒေသက ဆူဖာစစ်ဆေး ရေးစခန်းကို အစ္စရေးကွန်မန်ဒိုတွေက ဝင်ရောက်တိုက်ခိုက်ရာမှာ တစ်ခန်းဝင်တစ်ခန်းထွက် လိုက်လံရှင်းလင်း ပြီး အကြမ်းဖက်သမားတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။

 

Flotilla 13 ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေနဲ့ ဟားမတ်စ်အကြမ်းဖက်သမားတွေ အပြန်အလှန်ပစ်ခတ်နေကြတုန်း အ မြောက်ကျည်တွေ ကျရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

 

ဂါဇာနယ်စပ်ဒေသအနီးက အဆိုပါစစ်ဆေးရေးစခန်းကို ဝင်ရောက်စီးနင်းစဉ်မှာ အစ္စရေးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေ က အကြမ်းဖက်သမားတွေကိုရှင်းလင်းဖို့ အဲဒီစခန်းက အခန်းတွေထဲကို လက်ပစ်ဗုံးတွေ ပစ်သွင်းခဲ့ပါတယ်။

 

“ရှရက်တက်၊ ရှရက်တက် ဘန်ကာထဲမှာပဲနေပါ။ ငါတို့လာနေပြီ။” လို့ အစ္စရေးအရာရှိတစ်ဦးက ဟီဘရူးနာမည် ကိုအော်ပြောပြီး ပြေးတက်နေတာတွေ့ရပါတယ်။

 

အစ္စရေးကွန်မန်ဒိုတွေက အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ဟားမတ်စ်အကြမ်းဖက်သမား ၆၀ ကို သုတ်သင်ရှင်းလင်း နိုင်ခဲ့ပြီး ၂၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဲဒီအုပ်စုထဲမှာ ဟားမတ်စ်တောင်ပိုင်း ရေတပ်ဌာနခွဲရဲ့ ဒုတိယအကြီး အကဲ မိုဟမ်မက်အဘူအလီလည်းပါဝင်ကြောင်း သိရပါတယ်။

 

တိုက်ပွဲဖြစ်စဉ်မှာ ဟားမတ်စ်အကြမ်းဖက်သမားတွေကို သုတ်သင်နိုင်ခဲ့သလို အကြမ်းဖက်သမားတွေဖမ်းဆီး ထားတဲ့ ဓားစာခံ ၂၅၀ ကိုလည်း ပြန်လည်ကယ်ထုတ်လာနိုင်တယ်လို့ ဆိုပါတယ်။

 

Ref: Astonishing moment IDF elite force retakes military post overrun by Hamas, rescuing 250 hostages, killing 60 Hamas fighters and capturing top terror leader

 

#PeopleMedia


Share this post