• Follow Us on
Latest News

Home အစ္စရေးက လက်ဘနွန်ကိုတိုက်ခိုက်လာရင် အလုံးစုံပျက်သုန်းတဲ့စစ်ပွဲနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အစ္စရေးကို အီရန်သတိပေး

အစ္စရေးက လက်ဘနွန်ကိုတိုက်ခိုက်လာရင် အလုံးစုံပျက်သုန်းတဲ့စစ်ပွဲနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အစ္စရေးကို အီရန်သတိပေး

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂

 

အစ္စရေးနိုင်ငံက လက်ဘနွန်ကို တိုက်ခိုက်ခဲ့ရင် အီရန်နိုင်ငံနဲ့ ဒေသတွင်းမဟာမိတ်တွေ ပူးပေါင်းဖွဲ့စည်း ထားတဲ့ တော်လှန်ရေးအင်အားစုအားလုံးက အစ္စရေးကို ရင်ဆိုင်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အီရန်နိုင်ငံ က စနေနေ့ (ဇွန်လ ၂၉ ရက်နေ့) က သတိပေးလိုက်ပါတယ်။

 

အစ္စရေးနဲ့ အီရန်ထောက်ပံ့ထားတဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာအဖွဲ့တို့ တိုက်ခိုက်နေကြတာကြောင့် ဒေသ တွင်းပိုမိုကျယ်ပြန့်တဲ့စစ်ပွဲတစ်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေစဉ်အတွင်း နယူးယောက်ကို သွားခဲ့တဲ့ အီရန်မစ်ရှင် အဖွဲ့က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

လက်ဘနွန်ကို ထိုးစစ်ဆင်တိုက်ခိုက်မယ့် စီမံချက်တွေဟာ ခွင့်ပြုချက်ရထားပြီးဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောဆိုလိုက်တဲ့အတွက် ဟစ်ဘိုလာဘက်ကလည်း စစ်ပွဲကြီးဖြစ်ပွားလာခဲ့ရင် “ဘယ်အစ္စရေး ကိုမှ ချမ်းသာပေး မှာမဟုတ်ကြောင်း” တုံ့ပြန်ပြောဆိုပါတယ်။

 

ဒီပြောကြားချက်ဟာ လက်ဘနွန်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ ဇီယွန်ဝါဒီအစိုးရရဲ့ စိတ်ဓာတ်စစ်ဆင် ရေးတစ်ခုလို့ မှတ်ယူထားကြောင်း အီရန်မစ်ရှင်အဖွဲ့က X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

 

ဒါပေမဲ့ အစ္စရေးက အင်အားအလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်လာပြီဆိုရင် တော်လှန်ရေးအင်အားစု တွေအား လုံး စစ်ပွဲထဲမှာပါဝင်တိုက်ခိုက်ဖို့ အသင့်ရှိနေကြောင်း ၎င်းတို့အဖွဲ့က ပြောပါတယ်။

 

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ အစ္စရေးနိုင်ငံထဲကို အငိုက်ဖမ်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာစစ်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။

 

တိုက်ခိုက်မှုအတွက် ဟားမတ်စ်အဖွဲ့ကို အီရန်နိုင်ငံက ချီးကျူးပြောဆိုခဲ့ပေမဲ့ အဲဒီတိုက်ခိုက်မှုထဲမှာ အီရန်အစိုးရ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ဆိုပါတယ်။

 

ဟစ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံ မြောက်ပိုင်းကနေ တိုက်ခိုက်နေသလို ယီမင်နိုင်ငံက အီရန်ထောက်ပံ့ထား တဲ့ ဟူသီသူပုန်တွေကလည်း ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ ပင်လယ်နီ ထဲမှာ ဖြတ် သန်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

 

အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသတွင်းမှာ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ထောက် ပံ့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ထောက်ပံ့ထားတဲ့ ရှားဘုရင်ကို ဖြုတ်ချလိုက်တဲ့ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးဖြစ်ပွားချိန်က တည်းက အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို အသိအမှတ်မပြုခဲ့ပါဘူး။

 

Ref: Iran Warns Israel of ‘Obliterating’ War if Lebanon Attacked

 

#PeopleMedia


Share this post