• Follow Us on
Latest News

Home အစ္စရေးက F-35 ဂျက်တိုက်လေယာဉ် ၂၅ စင်း ထပ်မံဝယ်ယူ

အစ္စရေးက F-35 ဂျက်တိုက်လေယာဉ် ၂၅ စင်း ထပ်မံဝယ်ယူ

Share this post

နိုင်ငံတကာ၊ ဇွန် ၆

 

အစ္စရေးနိုင်ငံက တတိယမြောက် F-35 လေယာဉ်အုပ်အဖြစ် F-35 ဂျက်တိုက်လေယာဉ် ၂၅ စင်းဝယ်ယူဖို့အ တွက် ဒေါ်လာ ၃ ဘီလျံ တန်စာချုပ်တစ်ခုကို ချုပ်ဆိုလိုက်ကြောင်း အစ္စရေးအစိုးရက အင်္ဂါနေ့ (ဇွန်လ ၄ ရက် နေ့) က ပြောကြားလိုက်ပါတယ်။

 

အဆိုပါ F-35 ဂျက်တိုက်လေယာဉ်တွေကို ၂၀၂၈ ခုနှစ်မှာ စတင်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

 

“ကျွန်တော်တို့ရန်ဘက်နိုင်ငံတွေက ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးမဟာမိတ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားအောင်လုပ်နေချိန်မှာ ကျွန်တော်တို့က နောက်ထပ် ဆက်ဆံရေးမြှင့်တင်လိုက်တာဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီး ယူအက်ဂါးလန့်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

“ဒီလိုလက်နက်တွေဝယ်ယူတာဟာ ဒေသတွင်းက ကျွန်တော်တို့ရန်သူတွေကို ပြင်းပြင်းထန်ထန် သတိပေး လိုက်တာပဲဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခုတစ်ကြိမ်ထပ်မံဝယ်ယူမှုကြောင့် အစ္စရေးလေတပ်မှာ F-35 ဂျက်တိုက်လေယာဉ် ၇၅ စင်းအထိ ရှိလာမှာဖြစ် ပါတယ်။

 

“အခုလက်မှတ်ရေးထိုးလိုက်တဲ့ F-35 ဂျက်တိုက်လေယာဉ်တွေကို ၂၀၂၈ ခုနှစ်ကစပြီး တစ်နှစ်ကို ၃ စင်းကနေ ၅ စင်းအထိ ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း” ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

 

အစ္စရေးနိုင်ငံဟာ ကိုယ်ပျောက်စွမ်းရည်ရှိပြီး စစ်ရေးသတင်းအချက်အလက်ရှာဖွေစုဆောင်းခြင်း၊ ရန်သူ့နယ် မြေအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခြင်းနဲ့ တိုက်လေယာဉ်ချင်း စီးချင်းထိုးတိုက်ခိုက်ခြင်းတွေ ဆောင်ရွက်နိုင်တဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံးတိုက်လေယာဉ်ဖြစ်တဲ့ F-35 ဂျက်တိုက်လေယာဉ်တွေကို ပိုင်ဆိုင် ထားတဲ့ တစ်နိုင်ငံတည်းသော အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်ပါတယ်။

 

အစ္စရေးနိုင်ငံဟာ F-35 ဂျက်တိုက်လေယာဉ်ကို စစ်မြေပြင်မှာ ပထမဦးဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်လာကြောင်း ၂၀၁၈ ခုနှစ် မေလမှာ အစ္စရေးအစိုးရက ကြေညာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်-အစ္စရေးစစ်ပွဲ မဖြစ်ခင်ကတည်းက အစ္စရေးနိုင်ငံဟာ ဆီးရီး ယားစစ်ပွဲကာလအတွင်း ဆီးရီးယားစစ်တပ်စခန်းတွေ၊ အီရန်ထောက်ပံ့ထားတဲ့ တပ်ဖွဲ့တွေနဲ့ လက်ဘနွန်ဟစ်ဘို လာအဖွဲ့တွေကို ပစ်မှတ်ထားပြီး ဆီးရီးယားနယ်မြေပေါ်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

 

ဂါဇာစစ်ပွဲ အရှိန်မြင့်တက်နေစဉ် ဧပြီလအတွင်းက အီရန်နိုင်ငံဟာ အစ္စရေးကို ဒရုန်းနဲ့ ဒုံးကျည် ၃၀၀ ကျော် အသုံးပြုပြီး ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ရိုက် တိုက်ခိုက်ခဲ့ပါတယ်။

 

Ref: Israel Says Signs $3B Deal with US for 25 F-35 Fighter Jets

 

#PeopleMedia


Share this post