အစ္စရေးတပ်တွေ လက်ဘနွန်က ဟစ်ဘိုလာတွေဘက်ကို စစ်မြားဦးပြောင်းရမှာဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဟောင်း ဘန်နီဂန့်ဇ်ပြော
PUBLISHED - September 9, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၉
အစ္စရေးနိုင်ငံအနေနဲ့ ဟစ်ဘိုလာအဖွဲ့နဲ့ လက်ဘနွန်နယ်စပ်ကို စစ်ဆင်ရေး အာရုံပြောင်းဖို့လိုပြီး နောက်ကျနေပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်ဇ်က တနင်္ဂနွေနေ့ (စက်တင်ဘာ ၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
အစ္စရေးနဲ့ အီရန်ကထောက်ပံ့ထားတဲ့ ဟစ်ဘိုလာအဖွဲ့ဟာ နေ့စဉ်နီးပါး တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ဖြတ်ကျော် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေပြီး ဟစ်ဘိုလာအဖွဲ့ကတော့ ဂါဇာဒေသက ပါလက်စတိုင်းဟားမတ်စ်တွေကို ထောက်ခံပံ့ပိုးတဲ့အနေနနဲ့ တိုက်ပွဲဝင်နေတာလို့ ပြောပါတယ်။
“ဂါဇာကို ကိုင်တွယ်ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့မှာ လုံလောက်တဲ့အင်အားရှိပါတယ်။ ကျွန်တော်တို့ အာရုံ စိုက်သင့်တာက မြောက်ပိုင်းမှာဖြစ်နေတာတွေကို အာရုံစိုက်ရမှာဖြစ်တယ်။” လို့ ဝါရှင်တန်မှာကျင်းပတဲ့ အရှေ့ အလယ်ပိုင်းဖိုရမ်တစ်ခုမှာ ဂန့်ဇ်က ပြောကြားလိုက်တာဖြစ်ပါတယ်။
အီရန်နိုင်ငံနဲ့ ၎င်းကထောက်ပံ့ပြီး လက်သပ်မွေးထားတဲ့ ကြားခံစစ်သွေးကြွအုပ်စုတွေဟာ တကယ့်ပြဿနာအ စစ်ဖြစ်ကြောင်းလည်း ဂန့်ဇ်က ပြောပါတယ်။ “မြောက်ဘက်အပိုင်းမှာ အချိန်ကျလာပါပြီ။ ကျွန်တော်တို့ နောက်ကျနေပြီလို့တောင် ထင်ပါတယ်။” လို့ ကာ ကွယ်ရေးဝန်ကြီးဟောင်းနဲ့ အလယ်အလတ်ဝါဒီ ဂန့်ဇ်က ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုအပြီးမှာ ဟစ်ဘိုလာတွေက ရန်လိုတိုက်ခိုက်လာချိန် အစ္စရေးတွေက နိုင်ငံမြောက်ပိုင်းမှာ ဘေးကင်းလုံခြုံရာ ရွှေ့ပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အချိန်မှာ အမှားတစ်ခု လုပ်ခဲ့မိတယ်လို့ ဂန့်ဇ်က ပြောပါတယ်။
“ဂါဇာဒေသမှာ စစ်ဆင်ရေးအဆုံးအဖြတ်အမှတ်တစ်ခုကို ကျွန်တော်တို့ ဖြတ်ကျော်ခဲ့တယ်။ ဂါဇာမှာ ကျွန်တော် တို့ လုပ်ချင်တာ ဘာမဆိုလုပ်နိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် သဘောတူညီမှုတစ်ခုရအောင် ကျွန်တော်တို့ ကြိုးပမ်းသင့် တယ်။ ဒါပေမဲ့ လာမယ့်ရက်ပိုင်းအတွင်း၊ တစ်ပတ်နှစ်ပတ်အတွင်း ကျွန်တော်တို့ မလုပ်နိုင်ဘူးဆိုရင် ဘာပဲဖြစ် ဖြစ် ကျွန်တော်တို့ မြောက်ပိုင်းကို ချီတက်သင့်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“လိုအပ်လာရင် လက်ဘနွန်နိုင်ငံကိုလည်း ကျွန်တော်တို့ တိုက်ခိုက်နိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ဟားမတ်စ်ပြဿနာက သတင်းဟောင်းကြီးဖြစ်ပါတယ်။ တကယ့်ပြဿနာက ဒေသတွင်းက အီရန်နဲ့ သူ့နောက် လိုက်အဖွဲ့တွေရယ်၊ သူတို့ဆောင်ရွက်ဖို့ ကြိုးစားနေတဲ့အရာတွေရယ်ပဲဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။
ဂန့်ဇ်ဟာ ဂါဇာစစ်ပွဲအလွန် စီမံချက်မရှိဘူးဆိုတဲ့ကိစ္စနဲ့ပတ်သင်ပြီး ဘင်ဂျမင်နတန်ယာဟုအစိုးရအဖွဲ့ကနေ သဘောထားကွဲလွဲပြီး ဇွန်လအတွင်း အစိုးရအဖွဲ့ကာကွယ်ရေးဝန်ကြီးအဖြစ်က နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် အစ္စရေး ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ တဲ့အတွက် ပါလက်စတိုင်းလူမျိုး ၄၀,၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။
Ref: Israel Needs to Shift Military Focus to Lebanon: Gantz
#PeopleMedia