• Follow Us on
Latest News

Home အစ္စရေးတပ်ဖွဲ့ဝင်တွေကို ဒရုန်း၊ အမြောက်၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘိုလာပြော

အစ္စရေးတပ်ဖွဲ့ဝင်တွေကို ဒရုန်း၊ အမြောက်၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘိုလာပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁

 

အစ္စရေးနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး လစ်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာအဖွဲ့က ဒရုန်း၊ အမြောက်၊ ဒုံးကျည်တွေနဲ့ တနင်္လာနေ့က တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘိုလာအဖွဲ့က ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ကတည်းက အစ္စရေး-လက်ဘနွန်နယ်စပ်တစ် လျှောက်မှာ နေ့စဉ် အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။

 

ဟစ်ဘိုလာတိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးနိုင်ငံ မြောက်ပိုင်း ကီယတ်ရှမုန်နာမြို့ရဲ့ အနောက်ဘက်မှာရှိ တဲ့ အစ္စရေးစစ်သားတွေကို ဒရုန်းတွေနဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့တဲ့အပြင် အဲဒီနယ်မြေမှာရှိတဲ့အစ္စရေးစစ်သားတွေ ကို အမြောက်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ဟစ်ဘိုလာအဖွဲ့က ပြော ပါတယ်။

 

တိုက်ခိုက်မှုနှစ်မျိုးစလုံး ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ဟစ်ဘိုလာအဖွဲ့က ပြောပါတယ်။

 

ဟစ်ဘိုလာအဖွဲ့ဟာ အစ္စရေးစစ်တန်းလျားတစ်ခုကို Burkan ဒုံးကျည်တွနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို တခြား အစ္စရေးစစ်စခန်းတွကိုလည်း ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ကြောင်း တနင်္လာနေ့အစောပိုင်းက ဟစ်ဘိုလာအဖွဲ့က ပြောပါတယ်။

 

အစ္စရေးတပ်စခန်းတစ်ခုကိုလာရောက်တိုက်ခိုက်တဲ့ မောင်းသူမဲ့လေယာဉ် သုံးစင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး အဲဒီ ဒရုန်းတွေတိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သည်တစ်ဦးမှ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

 

အစ္စရေးတပ်စခန်းအများအပြားကို ၂၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအများအပြားကို အစ္စရေးလေကြောင်း ရန်ကာကွယ်ရေးအဖွဲ့က ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးဘက်က ပြောပါတယ်။

 

အစ္စရေးနယ်မြေထဲကိုလာရောက်တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တင့်ကားတွေ၊ ဂျက်တိုက်လေယာဉ် တစ်စင်းနဲ့ ရဟတ်ယာဉ်တစ်စင်းက လက်ဘနွန်နိုင်ငံထဲမှာရှိတဲ့ ဟစ်ဘိုလာအကြမ်းဖက်သမားတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးလူမျိုး ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ၂၄၀ ဝန်းကျင် ဓားစာခံအဖြစ် အဖမ်းခံထားရပြီး အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်း မြောင်ဒေသမှာ ပါလက်စတိုင်းလူုမျိုး ၁၃၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။

 

ဟစ်ဘိုလာအဖွဲ့ဟာ ပေါင် ၆၀၀ ကျော်ကနေ ပေါင် ၁၀၀၀ ကျော်ဝန်းကျင်အလေးချိန်ရှိ ထိပ်ဖူးကိုသယ်ဆောင် နိုင်တဲ့ Burkan ဒုံးကျည်တွေအပါအဝင် လက်နက်သစ်တွေကို အသုံးပြုပြီး အစ္စရေးကို တိုက်ခိုက်သွားမှာဖြစ် ကြောင်း ဟစ်ဘိုလာခေါင်းဆောင် ဟက်ဆန်နက်ရှ်ရာလာက ပြီးခဲ့တဲ့လက ပြောပါတယ်။

 

ဟစ်ဘိုလာအဖွဲ့ဟာ ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ခိုက်ရေးဒရုန်းတွေကိ အသုံးပြုနေပြီဖြစ်သလို အစ္စရေးနိုင်ငံ အတွင်းပိုင်းထဲအထိ ကင်းထောက်ဒရုန်းတွေအသုံးပြုပြီး ထောက်လှမ်းနေပြီဖြစ်ကြောင်း နက်ရှ်ရာလာက ပြောပါ တယ်။

 

ပြီးခဲ့တဲ့လက နယ်စပ်ဖြတ်ကျော်ပြီး နှစ်ဖက်ပစ်ခတ်ခဲ့ရာမှာ လက်ဘနွန်နိုင်ငံဘက်မှာ ၉၀ ဦးထက်မနည်းသေဆုံး ခဲ့ရာ အများစုက ဟစ်ဘိုလာစစ်သွေးကြွတွေဖြစ်ပြီး ၁၀ ဦးကတော့ အရပ်သားတွေဖြစ်ကြောင်း၊ အစ္စရေးဘက် က စစ်သည် ၆ ဦးနဲ့ အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း AFP သတင်းဌာနက ပြောပါတယ်။

 

Ref: Hezbollah Says Attacks Israeli Troops With Drones, Artillery, Missiles

 

#PeopleMedia


Share this post