• Follow Us on
Latest News

Home အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာမြို့လယ်ကောင်ကို ထိုးဖောက်ဝင်ရောက်

အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာမြို့လယ်ကောင်ကို ထိုးဖောက်ဝင်ရောက်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၈

 

အစ္စရေး-ဟားမတ်စ်စစ်ပွဲ ၃၃ ရက်မြောက်နေ့မှာ အစ္စရေးတပ်တွေဟာ ဂါဇာမြို့တော်အတွင်းမှာရှိတဲ့ ဟားမတ်စ် စစ်သွေးကြွတွေအသုံးပြုနေတဲ့ လိုဏ်ခေါင်းတွေကို စတင်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဂါဇာမြောက်ပိုင်းက စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လူသားချင်းစာနာမှုအဆောက်အအုံတွေနဲ့ နီးကပ်စွာ တည်ရှိနေတဲ့ ဟားမတ်စ်တွေရဲ့ မြေအောက်လိုဏ်ခေါင်းတွေ၊ ကွပ်ကွဲမှုဌာနချုပ်တွေနဲ့ ရော့ကက်ပစ်စင်တွေကို အစ္စရေးတပ်မတော်က ဖော်ထုတ်ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

 

အဲဒီလို ဟားမတ်စ်အဖွဲ့တွေ အခွင့်ကောင်းယူအသုံးပြုနေတဲ့အထဲမှာ ဒေသတွင်းမှာ အကြီးဆုံးဆေးရုံကြီးဖြစ်တဲ့ ဂါဇာမြို့က အယ်လ်-ရှာဖီဆေးရုံကြီးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်ရေးအဖွဲ့ဝင်တွေဟာ ခန့်မှန်းအင်အား ၂၀၀၀၀ ကနေ ၃၀၀၀၀ ဝန်းကျင်အထိရှိ တယ်လို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

 

အစ္စရေးတပ်ဖွဲ့ရဲ့ ရည်မှန်းချက်က အစ္စရေးတပ်တွေကို ပြန်လည်တိုက်ခိုက်ရာမှာ ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက် ရေးစွမ်းရည်လျော့ကျသွားအောင်လို့ ဟားမတ်စ်အဖွဲ့ရဲ့မြေပြင်ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွား ဖို့ဖြစ်တယ်လို့ အစ္စရေးရေတပ်ဗိုလ်ချုပ်ကြီး ဟာဂရီက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ အစ္စရေး၊ ဂါဇာနဲ့ အနောက်ဘက်ကမ်းခြေဒေသတွေက လတ်တလောအခြေအနေတွေနဲ့ ပတ် သက်ပြီး အမေရိကန်ဒုတိယသမ္မတကမ်မလာဟားရစ်ဟာ နိုဝင်ဘာလ ၇ ရက်နေ့က အစ္စရေးသမ္မတ အိုင်း ဆက်ဟာဇော့ဂ်နဲ့ ဆွေးနွေးခဲ့ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး ၁၀၀၀၀ ကျော်သေဆုံးသွားပြီဖြစ်တဲ့အတွက် လူသားချင်းစာနာ ထောက်ထားမှုအပစ်အခတ်ရပ်စဲပေးဖို့ အစ္စရေးနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးတောင်းဆို လျက်ရှိပါတယ်။

 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကတော့ ဂါဇာမြို့ထဲမှာ စစ်ဆင်ရေးတွေဆက်လက်ဆောင်ရွက်နေစဉ်အတွင်း အ ရပ်သားတွေဘေးကင်းလုံခြုံရာ ရွှေ့ပြောင်းနိုင်ဖို့အတွက် နိုဝင်ဘာလ ၇ ရက်နေ့ (အင်္ဂါနေ့) က လေးနာရီကြာ အပစ်အခတ်ရပ်စဲထားပေးတယ်လို့ ကြေညာခဲ့ပါတယ်။

 

ဂါဇာဒေသခံတွေကို မြောက်ပိုင်းကို ရွှေ့ပြောင်းသွားကြဖို့ အစ္စရေးဘက်ကတောင်းဆိုထားပေမဲ့ ဒေသခံထောင် ပေါင်းများစွာဟာ ဂါဇာမြို့ထဲမှာပဲ ဆက်လက်နေထိုင်နေကြကြောင်း ဂါဇာဒေသအရာရှိတွေက ပြောပါတယ်။

 

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုကတော့ ဟားမတ်စ်တွေဘက်က ဓားစာခံတွေပြန်လွှတ်ဖို့ သဘောတူ ညီချက်မရမချင်း ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲမှာ မဟုတ်ကြောင်း ထပ်လောင်းပြောကြားပါတယ်။

 

Ref: Israel-Hamas War LIVE Updates: Israeli forces enter ‘heart’ of Gaza’s main city

 

#PeopleMedia


Share this post