• Follow Us on
Latest News

Home အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာတောင်ပိုင်း ခန်းယူနစ်နယ်မြေထဲကို ထိုးစစ်ဆင်ချီတက်နေ

အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာတောင်ပိုင်း ခန်းယူနစ်နယ်မြေထဲကို ထိုးစစ်ဆင်ချီတက်နေ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀

 

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းဖြစ်တဲ့ ခန်းယူနစ်နယ်မြေထဲကို ဆက်လက်ချီတက် ထိုးစစ်ဆင်နေကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်ဟက်ဂရီက အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

 

“အဲဒီနယ်မြေထဲမှာ စစ်ဆင်ရေးဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ တပ်မဟာတစ်ခုလုံးနဲ့ နောက်ထပ် တပ်ဖွဲ့ ဝင်အင်အားတွေ၊ အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ခန်းယူနစ်မြို့မှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေသလို လေကြောင်းကလည်း ပြင်းပြင်းထန်ထန် ဗုံး ကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားတွေ အများအပြားသေဆုံးနေကြောင်း သိရပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခန်းယူနစ်မြို့ အစိတ်အပိုင်းတချို့ကနေ ပိုမိုဘေးကင်းလုံ ခြုံတဲ့နေရာတွေမှာ သွားရောက်ခိုလှုံဖို့ ပြီးခဲ့တဲ့သီတင်းပတ်က ဒေသခံတွေကို အစ္စရေးတပ်ဖွဲ့က ပြောကြားထား ပါတယ်။

 

ဒါပေမဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့အတါက် ဆက်သွယ်ရေးအခက်အခဲတွေရှိနေတာကြောင့် အစ္စရေးစစ်တပ်ရဲ့ အကြောင်းကြားမှုတွေကို ဘယ်လောက်အထိ ဒေသခံတွေသိရှိသလဲဆိုတာကိုတော့ ရှင်း ရှင်းလင်းလင်း မသိရပါဘူး။

 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဟားမတ်စ်တွေအသုံးပြုနေတဲ့ မြေအောက်လိုဏ်ခေါင်းတွေကို အဓိကရှာ ဖွေနေတာဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်ဟက်ဂရီက ပြောပါတယ်။

 

“ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ မြေအောက်လိုဏ်ခေါင်းတွေကို ဖျက်ဆီး ပစ်ရေးဟာ ဟားမတ်စ်အဖွဲ့ကို ရှင်းလင်းသုတ်သင်ဖို့ အဓိက ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့ အချိန်ပေးရပါမယ်။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ အဲဒီစစ်ဆင်ရေးတာဝန်တွေကို ဆောင်ရွက်နေတာပါ။” လို့ ၎င်း က ပြောပါတယ်။

 

ဂါဇာဒေသမှာ မြေပြင်ထိုးစစ်ဆင်နွှဲနေတဲ့တပ်ဖွဲ့ဝင်တွေကိုလည်း အသက်ရှင်ကျန်ရစ်နေသေးတဲ့ ဓားစာခံတွေကို ဘယ်လိုရှာဖွေရမလဲဆိုတာ ရှင်းပြထားကြောင်း ဗိုလ်ချုပ်ကြီး ဒန်နီရယ်ဟက်ဂရီက ပြောပါတယ်။

 

“အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဟာ အထူးတပ်ဖွဲ့ဝင်တွေနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေကို အသုံးပြုပြီး ဓားစာခံ တွေကို ရှာဖွေနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အစ္စရေးတပ်ဖွဲ့ဝင်ေွက ဂါဇာဒေသက အစ္စရေးဓားစာခံ ၃ ဦးကို မှားယွင်းပစ်ခတ်လိုက်မိကြောင်း သောကြာနေ့က ကြေညာလိုက်ပြီးနောက်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို လူထုက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် အစ္စရေးလူမျိုး ၁၂၀၀ သေ ဆုံးခဲ့သလို ဓားစာခံ ၂၄၀ ဖမ်းဆီးခံခဲ့ရပြီး မြေပြင်ထိုးစစ်အတွင်း အစ္စရေးစစ်သား ၁၃၁ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

 

အလားတူ အစ္စရေးဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ ဝေဟင်/မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဂါဇာ ကမ်းမြောင်ဒေသမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၇၀% ပါဝင်တဲ့ ပါလက်စတိုင်းလူမျိုး ၂၀,၀၀၀ နီးပါး သေဆုံး သွားပြီဖြစ်ပါတယ်။

 

Ref: Israeli military advancing in Khan Younis area in southern Gaza, spokesperson says

 

#PeopleMedia


Share this post