• Follow Us on
Latest News

Home အစ္စရေးတိုက်ခိုက်မှုကြောင့် သောကြာနေ့တစ်ရက်တည်း ပါလက်စတိုင်းလူမျိုး အများအပြားသေဆုံး

အစ္စရေးတိုက်ခိုက်မှုကြောင့် သောကြာနေ့တစ်ရက်တည်း ပါလက်စတိုင်းလူမျိုး အများအပြားသေဆုံး

Share this post

နိုင်ငံတကာ၊ ဇွန် ၂၂

 

အစ္စရေးတပ်တွေက ဇွန်လ ၂၁ ရက်နေ့ (သောကြာနေ့) က ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းနဲ့ တခြားနေရာ တွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး ၄၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွေနဲ့ အစ္စရေးစစ်တပ်က ပြောပါတယ်။

 

မြေပြင်က တချို့နေရာတွေမှာ ဟားမတ်စ်စစ်သွေးကြွတွေနဲ့ အနီးကပ် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ တယ်လို့ဆိုပါတယ်။ အစ္စရေးတပ်တွေဟာ မေလအစောပိုင်းကတည်းက အဓိကပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အီဂျစ်နိုင်ငံနဲ့ နယ် နိမိတ်ထိစပ်နေတဲ့ ရာဖာမြို့ကို အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပုံရကြောင်း ဒေသခံတွေက ပြောပါတယ်။

 

အရှေ့ဘက်၊ တောင်ဘက်နဲ့ အလယ်ပိုင်းဒေသတွေကို သိမ်းပိုက်ပြီးဖြစ်တဲ့အတွက် အစ္စရေးတင့်ကားတွေဟာ ရာဖာမြို့ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက်ကို ဦးတည်မောင်းနှင်နေပါတယ်။

 

လွန်ခဲ့တဲ့ လအနည်းငယ်က လေယာဉ်၊ တင့်ကားနဲ့ သင်္ဘောတွေကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် မြို့ကို စွန့်ခွာထွက်ပြေးသွားကြတဲ့ လူဦးရေ ၁ သန်းကျော်ထဲက အများစုဟာ လက်ရှိအချိန်မှာ ပြန်လည်ဝင်ရောက်နေ ထိုင်နေကြပါတယ်။

 

ရာဖာမြို့ အနောက်ဘက်က မာဝါဆီမှာ ပါလက်စတိုင်းလူမျိုး ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာကျန်း မာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

တင့်ကားက အမြောက်ကျည်တစ်တောင့်ဟာ စစ်ဘေးရှောင်ဒုက္ခသည်တွေ နေထိုင်တဲ့ တဲတစ်လုံးကို တိုက်ရိုက် ထိမှန်ခဲ့တယ်လို့ ပါလက်စတိုင်းတွေက ပြောပါတယ်။ “တင့်ကားနှစ်စီးက မာဝါဆီကို မြင်နေရတဲ့ တောင်ကုန်း လေးတစ်ခုပေါ်ကို တက်သွားပြီး အဲဒီတောင်ကုန်းပေါ်ကနေ ပစ်နေတော့တာပါပဲ။ သူတို့ပစ်တာ သနားစရာ ကောင်းတဲ့စစ်ဘေးရှောင်ဒုက္ခသည်တဲတွေကို သွားထိကုန်ပါတယ်။” လို့ ဒေသခံတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းနေကြောင်း၊ ကနဦးသတင်းတွေအရ အယ်-မာဝါဆီမှာရှိတဲ့ လူသားချင်စာနာမှု နယ် မြေထဲကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာမရှိကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

 

ရာဇာဒေသမှာ တိကျတဲ့ထောက်လှမ်းရေးသတင်းတွေအရ တိုက်ခိုက်နေတာဖြစ်ပြီး အနီးကပ်တိုက်ပွဲတွေ ရင် ဆိုင်တိုက်ခိုက်နေသလို စစ်သွေးကြွတွေ အသုံးပြုနေတဲ့ မြေအောက်လိုဏ်ခေါင်းတွေကိုလည်း ရှာဖွေဖော်ထုတ် နေကြောင်း အစောပိုင်းမှာ အစ္စရေးစစ်တပ်က ပြောပါတယ်။

 

သောကြာနေ့က ဂါဇာဒေသမှာ အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၄၅ ဦးထက်မနည်းသေဆုံး သွားကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တွေတိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က လူဦးရေ ၁၂၀၀ ဝန်း ကျင်သေဆုံးသွားပြီး ၂၅၀ ကျော် အဖမ်းခံခဲ့ရသလို အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင် ဒေသမှာ လက်ရှိအချိန်မှာ ပါလက်စတိုင်းဦးရေ ၃၇,၄၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။

 

Ref: Israel pounds Gaza, killing dozens, as fighting rages

 

#PeopleMedia


Share this post